ဆင်ဖမ်းမယ် ကျားဖမ်းမယ် လေယာဉ်ပြန်ပေး ဆွဲမယ်။

ကြားဖူးကြမှာပါ ။
အရင်က သိပ်အကြွားသန်တဲ့ လူတယောက်ရှိတယ် ။ အမြဲတမ်းစကားပြောရင် လေကြီးလေကြယ်နဲ့ပေါ့။
တရက်သူ့ သူငယ်ချင်းတွေ နဲ့ စွန့်စားခန်းတချို့ အကြောင်းပြောရင်း ငါတောထဲ သွားတုန်းက ပေါ့ဆိုပြီးအစချီပြီး ပြောလိုက်တာ တောထဲမှာ ဆင်ဖမ်းခဲ့တာကော ။ ကျားအရှင်လတ်လတ် ဖမ်းခဲပတာကော။ပြောရင်းနဲ့ မာန်ပါပြီး နိုင်ငံခြားတောင် သွားပြီး လေယာဉ်တောင်ပြန်ပေး ဆွဲခဲ့သေးတယ် ဆိုပဲ။ သူ့မိတ်ဆွေတချို့ကတော့ အဟုတ်ကြီး မှတ်ပြီး ယုံကြတာပေါ့နော်။ သူ့ကိုလဲ နဲနဲ ရှိန်သွားတာပေါ့။

ဒီလိုနဲ့ တရက်သူ့ ကိုအားကိုးတဲ့လူတယောက် က အကူအညီတောင်းချင်လို့ အိမ်ကိုထမင်းစား ဖိတ်တာပေါ့။ သူကလဲ ဟိတ်ဟန်အပြည့်နဲ့ သွားတာပေါ့ ။ အိမ်ပေါက်ဝရောက်တော့ မှ ချိတ်ထားတဲ့ဆိုင်းဘုတ် ကို ကြည့်ပြီး
ပြောလိုက်တာက

`ဟေ့ ခွေးကြည့်ကြပါဦး ကွ´ တဲ့


ပြောချင်တာကတော့ ကြီးကြီးကျယ်ကျယ် ပြောပြီးမှတော့ ခွေးမကြည့်ခိုင်းနဲ့တော့နော် လို့။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????