တနေ့စာအလွမ်းများ

ကျွန်တော့်ရဲ့ Blog လေးနဲ့အဆက်အသွယ်ပြတ်သွားတာ(၄) ရက်လောက်တောင်ရှိသွားပြီ။စိတ်ကတော့သတိ ရပါ တယ်။ လူကသာ မွှန်နေတာ (အဲ) မအားတာ။ ကြွားရဦးမယ်။ သီတင်းကျွတ် ကျွန်တော်ပျောက်နေတာက ချစ်သူ လေးရှိတဲ့ မန္တလေး ကိုသွားနေတာပါ။ အဲဒီကအပြန် အဝေးပြေးကား ပေါ်မှာရေးခဲ့တဲ့ကဗျာလေးကို ဖတ် ကြည့်ကြ ပါဦးနော်။

“တနေ့စာအလွမ်းများ”

မနက်အာရုဏ်တက်
မင်းအပြုံးကိုနမ်း
ငါ့အလွမ်းတွေကို
ရှိုက်သွင်းခဲ့ပြီ။

နေ့လည်စာအတွေးများထဲ
အဝေးကမင်းအနားပဲ
ဝဲလည်ရင်းနဲ့ပေါ့

ညနေခင်း
နေမင်းရဲ့အလင်းပျောက်ချိန်
တို့ခွဲခဲ့ဖူးတဲ့
ဒီအချိန်တွေကို
ကျိန်ဆဲရင်းလွမ်း

ညအိပ်ယာဝင်
ငါ့ကိုယ်ငါပြန်ဆန်းစစ်တော့
ငါအရမ်းချစ်တဲ့မင်းကြောင့်
အလွမ်းနွံမှာနစ်နေဆဲလေ

ဒီလိုနဲ့
ညလည်ချိန်တရေးနိုး
ယောင်ရမ်းပြီးငါစမ်းမိတော့
သြော် ငါ့ဘေးနား မင်းမရှိသေးပါလား။ ။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????