ယုံတမ်းစကား

ဒီ Post ကိုရေးဖို့အတွက် ဒီနေ့ မနက် Blogger ကိုဝင်တော့ အားပါးကောင်းလိုက်တဲ့ Connection ဗျာ Click တောင်မဆုံးသေးဘူး ရသွားပြီ။
ဒါနဲ့ တော်တော် အဆင်ပြေတယ်ဆိုပြီးရေးလိုက်တာ ရေးကောင်းကောင်းနဲ့ပေါ့။ ရေးနေရင်းနဲ့ ဗိုက်ဆာတော့ အပြင်ထွက် ပြီး မုန့်ထွက်စားတော့ အိပ်ထဲမှာ ပိုက်ဆံ ၅၀၀ ကျပ်နဲ့ပေါ့ Dagon Centre ရောက်သွားတယ် အားပါး ၀ယ်စရာကလဲများတော့ ၀ယ်ရင်းနဲ မနိုင်တော့လို့ မီးလေးကို လှမ်းခေါ်ပြီး ၀ိုင်းသည်ခိုင်းရတယ်လေ။

ဒါနဲ့ပြန်လာတော့ လမ်းမှာ ကိုမွန်ကြီးကိုတွေ့လို့ YKKO မှာကြေးအိုး ၀င်သောက်ကျသေးတယ်။မီးလေးကိုလဲ သနားလို့ပါ။ သူ့ခမျာ ရွက်ထားရတဲ့ အထုပ်ကတော်တော်လေးတာကိုး။

ဒါနဲ့အိမ်ပြန်ရောက်ရော။ အိမ်ရောက်တော့ လဲ မီးတွေလာနေတယ်။ မီးလာတာများအစမ်းလုပ်လို့ ဆိုပြီး လမ်းမှာ စကိတ်ထွက်စီးနေလိုက် တယ်လေ လမ်းကလဲ ကောင်းတော့ စကိတ်စီးရင်း ပဲခူး ရောက်သွားတယ် ညနေလဲဆောင်းနေပြီလေ ဒါနဲ့ မြေအောက်ရထား စီးပြီးအိမ်ပြန်လာလိုက်တယ် 15 မိနစ်ပဲကြာတယ်လေ။ ဒါနဲ့နောက်တနေ့မနက် မန္တလေး သွားဖို့ရထားလက်မှတ် သွားဝယ်တာ တကယ်ပဲ အပိုကြေး မပေးခဲ့ရဘူးဗျ။

ဒါနဲ့ ရထားကြီးစီးပြီးမန္တလေးကို ထွက်ခဲ့တယ် မယုံမရှိနဲ့ နောက်တနေ့မနက် 6း00 မန္တလေးရောက်ရော။ အာပါး မန္တလေး မြို့ကြီး လှပလိုက်တာများ ဖုန်တစက်မှရှိဘူး လမ်းတွေဆို မှန်တောင်ကြည့်လို့ရတယ်။ ဖြူးလို့ ပြန့်လို့။ ဒါနဲ့ဟိုတယ်တခုရောက်တော့ ၀င်တည်းမည်ပေါ့လေ မန်နေဂျာက အကို မှတ်ပုံတင်ပေး ဆိုမှ မှတ်ပုံတင်ကျန်ခဲ့လို့ ရန်ကုန်ပြန်ယူရသေးတယ် တော်သေးတာပေါ့ အရင်နေရာမှာပဲ ရှိနေလို့။

ဆက်ရေးမယ်ဆိုရင် နဲနဲ နီးတော့မယ် တော်ပြီနော် ကိုမွန်ရေ နောက်လဲTag နိုင်ပါတယ်။ connection ကောင်းရင်ရေးမှာပါ။
ဆက်Tag လိုက်ဦးမယ်

ကိုနေလင်း

ပီကေ

ဂျေဂျေ
လင်း

Comments

  1. ကျနော့်ရဲ့ ထွက်ပေါက်(အိတ်ဇောပိုက်)၊ ၀င်ပေါက် (ဘန်ပါပေါက်)ပြပြီး ခုတော့ ဓါတ်ဆီဈေးတက်တာနဲ့  ပလက်တီနမ် ဘီးကြီးနဲ့  အ၀င်အထွက်ကြီးကို ရောင်းလိုက်ရပြီး လှေဝယ်တော့ မလို့ နဲ့  တူတယ် ဒီတခါ ကျနော့်ရဲ့ xxx ဘာဖြစ်မလဲမသိဘူး သွပ် သွပ် သွပ်

    ReplyDelete
  2. တက်တာ အကြွေးမှတ်ထားလိုက်ပါ။ ကျနော်တက်နေလို့  မကျဘဲ အောင်မှ(စာမေးပွဲ)မှ ရေးပေးမယ်

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????