ကျွန်တော့ရဲ့အသဲကွဲဇာတ်လမ်း(ဒုတိယပိုင်း)

အဲဒီနေ့ညက ကျွန်တော်တညလုံးအိပ်လို့မရခဲ့ဘူး။ သူတကယ်ပြောသွားတာလား ဒါမှမဟုတ် ကျွန်တော့ ကို သက်သက်မဲ့ အနိုင်ယူပြောနေ ကြအတိုင်းပြောသွားတာလား ဆိုတာကို ခွဲခြားနေမိတယ်။အကျိုးဆက်ကတော့ နောက်တနေ့မနက်မှာ သူ့ကိုသွားမကြိုနိုင်အောင် အိပ်ယာ ထနောက်ကျသွားတာပါပဲဗျာ။


ဒါနဲ့အိပ်ယာကနိုးတော့ အသဲအသန်ရေချိုး၊မနက်စာစားပြီး သင်တန်းကိုပြေးတော့ သင်တန်းကစနေပြီ ဒါနဲ့ ပထမအချိန်ပြီးအောင် ဦးချစ်ဆိုင်မှာ ထိုင်စောင့်နေရတယ်။ခဏနေတော့ အတန်းဆင်းလာတယ် အောင်ကျော် နဲ့ နေလင်း တို့နှစ်ယောက် အရင်ထွက်လာတော့


“ဟေ့ကောင်တွေ၊ ငါအိပ်ယာထနောက်ကျသွားလို့ကွာ”

အောင်ကျော်က

“ငါထင်သားပဲ၊ဒါနဲ့ ယုတစ်ယောက်ဘယ်လို ဖြစ်တာလဲ ကွ”
“ဘာဖြစ်နေလို့လဲ”
“ဟိုဘဲ ကြီးနဲ့ စကားတွေ ပြောဆိုနေတာတွေ့လို့ပါကွာ။”
“သြော် သူတို့ကတွေ့နေကြပြီလား”
“ဟင်၊ မင်းစကားကဘာလဲကွ”
“မင်းတို့ ပြသနာ တက်ထားပြန်ပြီမဟုတ်လား”
“အေးကွာ”

ဆိုပြီးကျွန်တော်လဲ မနေ့က ပြသနာအကြောင်းပြောပြလိုက်တော့ သူငယ်ချင်းအပေါင်းက ၀ိုင်း၍ ထောပနာပြု ကြသည်။
ထိုသို့ပြောနေရင်းမှာပဲ တွေ့ရတဲ့မြင်ကွင်း တခုက ကျွန်တော့အသည်းအိမ်ကို ကိုင်လှုပ်လိုက်သကဲ့သို့ တဆတ်ဆတ် နာကျင်စေခဲ့သည်။
ကျွန်တော့ ရှေ့အရောက်မှာ မှ လက်ချင်းချိတ် ၍ ထွက်လာကြသော သူတို့ အတွဲလတ်လတ်ဆတ်ဆတ် ကိုတွေ့လိုက်ရချိန် တွင် ကျွန်တော့ အဖို့ ရင်နှင့်ရင်း၍ချစ်ရသော အချစ်တွေ အားလုံး ဆုံးရှုံးလိုက်ရပြီမှန်းသေချာသွားခဲ့ရသည်။ကျွန်တော့်ကို ကျွန်တော်ခံနိုင်ရည် မရှိတော့မှန်းသိတာနှင့် အားလုံးကို နှုတ်ဆက်၍ ထွက်လာခဲ့သည်။

တနေ့ ကျွန်တော် မတွေ့အောင် ကြိုးစားရှောင်နေ ရင်းနဲ့မှ သူနဲ့တည့်တည့် တိုးသည့်အဖြစ်နဲ့ ကြုံရပြန်တော့ သူမေးတဲ့မေးခွန်းတွေ အတွကကျွန်တော့ မှာပြင်ဆင်ချိန်မရတော့

ဟဲ့၊ဟန်လေး နင်ငါ့ကို ဘာလို့ရှောင်နေတာလဲ။ မနက်မနက် ဘာလို့ လာမကြိုတော့တာလဲ။ငါ့မှာတော့ နင်လာမလားလာမလားနဲ့ မျှော် မျှော်နေရတာ”

“နင့်ကို နင့်ဘဲ လာမကြိုဘူးလား“


“ဘယ်ကနင့်ဘဲလဲ၊နင်နော် ငါ့ကို လာဆွနေ ငါအခုစိတ်တိုနေတယ်၊ လူတွေက မကောင်းဘူး၊နင် လဲတူတူပဲ ”

“ငါ့မှာ ဟိုတနေ့က သွေးအားနည်းလို့ အတန်းထဲမှာ မထနိုငဖြစ်နေတာကို ကိုဝင်းနိုင်ကမှ လာတွဲဖော်ရသေးတယ်။နင်ဆို ငါ့ကိုတွေ့တာနဲ့ ထပြန်သွားတာ ၊ငါတွေ့လိုက်သားပဲ”

“ဒါ..ဒါဆို နင် အဲဒီနေ့ က ကိုဝင်းနိုင်ကို အဖြေမပေးဘူးလား”

“ဟာ...ဟန်လေး နင်ဘာတွေ ဖြစ်နေတာလဲဟာ၊ ငါက သူ့ကို ဘာလို့ အဖြေပေးရမှာလဲ၊”

“နင်ပဲငါ့ကို ဟိုတနေ့ကပြောပြီးတော့၊ နင် ကိုဝင်းနိုင်ကို အဖြေပေးတော့မှာဆို”

“သြော် နင်က အဲဒီစကားကြောင့် ငါ့ကို စောင့်ရှောက်စရာမလိုတော့ဘူးလို့တွေးနေတာပေါ့လေ”

“အဲဒါ နင့်ကို အမြင်ကပ်လို့ပြောခဲ့တာ၊ ”

“နင်ကယုံတာပဲလား၊”

“သြော် ယုရယ် ငါကနင့်စကားဆို ဘယ်တုန်းက သံသယ ရှိခဲ့ဖူးလို့လဲ။”

“ငါဒီနေ့လာတာက နင်နဲ့ငါ နဲ့ကြားမှာ ရှင်းစရာ ရှိလို့”

“ဘာရှင်းစရာရှိလို့လဲ ဟ၊ ငါနင့်ဆီကယူထားတဲ့စာအုပ်တွေလည်း အကုန်ပြန်ပေးပြီးသားလေဟာ”

“အေး အဲဒီစာအုပ်ကိစ္စပဲ၊ဒါပေမယ့် သင်တန်းကစာအုပ်တော့ မဟုတ်ဘူး။နင် စော ဆီကနေ ယူသွားတဲ့ စာအုပ်လေအဲဒါပြန်ပေး။ နင်နဲ့မဆိုင်ဘူးနော် အဲဒီထဲမှာရေးထားတာတွေက စိတ်ကူးယဉ်ရေးထားတာတွေ”

“ဘာ....ဘာစာအုပ်လဲ ဟ၊ နင်ကလဲ လာစားနေပြန်ပြီဟာ”

“ပြန်ပေးပါ ဟန်လေးရယ် ငါတောင်းပန်ပါတယ်”

“မဟုတ်ဘူး ယု၊ ငါ့ဆီမှာ တကယ်မရှိဘူး၊ နင့်ကို ဘယ်သူပြောလိုက်တာလဲ၊ ငါ့ဆီမှာလို့လေ”

“စော ပြောလိုက်တာ။ လာ စောဆီသွားမယ်။ သူကငါယူသွားတယ်လို့ပြောတယ်မဟုတ်လား”

“ရပြီ၊ရပြီ နင့်ဆီမှာ တကယ်မရှိရင်လဲ ပြီးတာပဲ ငါပဲ စော ဆီသွားလိုက်တော့မယ်”

ပြောပြောဆိုဆို ထွက်သွားသော သူ့ကို ကြည့်ပြီး နားမလည်မှုများစွာနှင့် ရပ်ကြည့်နေရင်း သူ့နောက်သို့ တိတ်တိတ်လေးလိုက်သွားချင် စိတ်ပေါက်လာသည် နှင့် လိုက်သွားမိတော့

(ဆက်ရန်)

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????