ကမယ်ဟေ့

ကဲကဲ မရေးဖြစ်တာလဲကြာပြီဆိုတော့ ရေးဦးမှဆိုပြီးရေးဖို့အကြောင်းရှာတော့လဲခေါင်းထဲက ဘာမှထွက်ကြမလာဘူး။ အဲဒါနဲ့ စာအုပ်တအုပ် ကောက်ဖတ်တော့မှ ကဗျာတအုပ်တွေ့တယ်။ သူငယ်ချင်းတွေကို ဒီကဗျာလေးရွတ်ပြီး ကလေးလေးတွေ မူကြိုမှာကသလိုလေးက စေချင် လိုက်တာလို့တွေးမိလို့ အပီ ကူးချလိုက်တယ်။ ကကြပေတော့ဟေ့............

လေးဘယ်တွားလို့သွားရအောင်
ခွေးကလေးတကောင်လို
တို့သရုပ်ဆောင်
ဟောင်သံလေးက ၀ုတ်ဝုတ်
ငုတ်တုပ်ထိုင်လို့ အမြီးလေးလှုပ်
ဝုတ်..၀ုတ်...၀ုတ်...၀ုတ်...

ဘဲလေးလုပ်လို့သရုပ်ပြမယ်
ပုကွကွလေးလျှောက်ကြကွယ်
အတောင်ငယ်နှစ်ဖက်က တဖျတ်ဖျတ်
ခေါင်းလေးထောင်လို့မတ်မတ်ရပ်
ဂတ်...ဂတ်...ဂတ်...ဂတ်...။ ။


ကနော် အမုန်းသာကပစ်။ခြေကုန်လက်ပန်းကြအောင်ကပစ်။
ဟီး......

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????