ကဗျာဆရာရဲ့အလွမ်း

ကမ္ဘာတခြမ်းက
ငါ့ရင်ထဲကအလွမ်းတွေ
နင့်အနမ်းတွေမရမချင်း
သဲသဲမဲမဲရွာနေလေရဲ့

တခါတလေ
ကဗျာတွေရေးမိရင်တောင်
နင်ဟန်ဆောင်ကောင်းခဲ့တာတွေ
မမေ့သေးဘူး

အရူးတယောက်လို
ဗူးအပေါက်နဲ့ရေခပ်
ကံကြမ္မာကိုယုံပြီး
ဆူးကိုမွှေ့ယာလို့ထင်
ငါ့အမြင်တော့
ငါ့ရင်ဟာဗလာမဟုတ်
ကဗျာတစ်အုပ်စာ
ခံစားချက်တွေပြည့်လို့။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????