အောင်မျိုးဟန်ဟုခေါ်သည်

ဒီကောင်
ရုပ်ကလေးက အသင့်အတင့်
စကားပြောက ကောင်းတယ်
သရုပ်ပီအောင် ဟန်ဆောင်တတ်တော့
မိန်းခလေးအများစုအတွက်
ရတက်ပွေစရာလူ ဖြစ်ခဲ့တယ်

ဒီကောင်
အသက်နှစ်ဆယ်ကျော်ပြီ
ဂေါ်လီလုပ် စိတ်ကစားတုန်း

ဒီကောင်
စိတ်ကမတည်ငြိမ်နိုင်သေးတော့
လူတကာမေးငေါ့
ပြေပြန်တော့လည်းမလွတ်
ဇာတ်လမ်းဆုံးတော့
အများစုကမုန်း
အရှုံးတွေပဲ ကျန်ခဲ့တယ်။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????