ကြက်ဟင်းခါးသီးဝိုင်

လွမ်းရက်ရှည်ကဗျာတပုဒ်ဆုံးတော့
ငါ့ရင်ထဲကတောတွေတောင်
မျိုးတုန်းတော့မယ်
သိပ္ပံပညာရှင်တွေကပြောကြတယ်
ကမ္ဘာကြီးပူနွေးလာပြီတဲ့
ကျွန်တော်ကလည်း ပြန်ပြောမယ်
ငါ့ရင်ဘတ်ကြီးမီးလောင်နေပြီလို့ပေါ့
တိကျတဲ့အဖြေတစ်ခုရခဲပေမဲ့
မီတစ်စမွှေးမိသလိုပါပဲ
အချစ်အတွက် အတိုးကလည်း
လည်ပင်းနစ်နေပြီ
မချစ်ခဲ့ရင်ကောင်းမယ်လို့
အပြစ်ဖွဲ့နေပေမဲ့လည်း
ချစ်မိတာကလည်း
ငါ့အတွက်သင်္ဂါရမြောက်တဲ့
ကြက်ဟင်းခါးသီးဝိုင်တစ်ခွက်ပါပဲ။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????