ဘယ်လိုလုပ်ရမလဲ ကျွန်တော်မသိတော့ဘူး

တနေ့နေ့တော့မင်းကို သူချစ်လာမှာပါကွာ စိတ်ဓာတ်မကျပါနဲ့ ဟုတ်ပြီလား

ဟာ ကွာ မင်းကလည်း သူချစ်လာတာက ဟုတ်ပါပြီ အခု ငါပြောနေတာက သူ့ကိုဘယ်လို ဖွင့်ပြောရမလဲ ဒါကိုသိချင်တာ

အော် ဒါများ ဟန်လေးရယ် နင်လဲ ရည်းစားမထားဘူးတာမှ မဟုတ်တာပဲ နင်မပြောတတ်ဘူးလား

ဟာ ပြောတာက လွယ်တယ်ဟ နင်တို့ကလဲ အခုက သူ့ကိုငါက ချစ်တာပဲရှိတာ သူက ငါချစ်တာကို သိမှာတောင် မဟုတ်သေးဘူး။ ပြီးတော့ ငါ့အကြောင်းတော်တော်များများကိုလဲ သူကသိပြီ်းသားလေ ငါဘယ်လိုလုပ်ပြောရဲမှာလဲ ကွ တော်ကြာ ရှင်လူယုတ်မာကြီးဆိုပြီး မုန်းပါမုန်းသွားမှဖြင့်

ဟား ဟားဟား ဟန်လေးရာ မင်းကလဲကွာ မင်းပဲအမြဲပြောနေပြီးတော့ One go Two Come ဆို ဘယ်လိုဖြစ်တာလဲ ခုမှ မုန်းမှာဆိုးရတာ နဲ့ ဘာနဲ့။

အေးကွာ ငါသူ့ကိုချစ်တာ ဘယ်လိုကြီးလဲမသိဘူးကွ ဖွင့်ပြောပြီးလို့ ချစ်သူတွေဖြစ်ပြီးပျော်ရမှာထက် တော်ကြာငါပြောလိုက်မှ ခုလို အခင် အမင်လေးပါ ပျက်သွားရင် ဘယ်လို လုပ်ရပါ့မလဲ ဆိုတာကို ပိုတွေးကြောက်နေတယ်ကွာ။

အေးဟယ်နင့်ဒုက္ခကလည်း ထတုန်းကအကောင်း ထိုင်တော့မှ ကျိုးမှန်းသိ ဆိုသလို ဖြစ်နေပြီ

ဟာ။ အရူးမ စကားပုံတွေ ပြောင်းပြန်ဖြစ်ကုန်ပြီ

တော်ကြပါတော့ကွာ မင်းတို့ကတမျိုး


ဘယ်လိုလုပ်ရမလဲဗျာ ကျွန်တော်သူ့ ကိုအရင်က မချစ်ဖူးထင်ခဲ့တာ အခု မှ ရောဂါက ထနေပြီ သူများဦးသွားမှာလဲကြောက်နေတယ်။ ဖွင့်ပြောရမှာလဲကြောက်နေတယ်ဗျာ။ သူငယ်ချင်းတွေနဲ့တိုင်ပင်တော့လဲ အဖြေကမထွက်။နေဦးဗျ သူနဲ့ ကျွန်တော်နဲ့ အကြောင်းလေးက ဒီလိုဗျ

သူနဲ့ကျွန်တော်နဲ့က တွေ့တာ သိပ်မကြာသေးဘူးလို့ပဲဆိုရမှာပေါ့ သူကကျွန်တော့ထက်တော့ ငယ်တယ်။သူက ကျွန်တော့အမြင်တော့ စိတ်ထားလေးဖြူစင်တယ်ဗျ။ သူနဲ့ကျွန်တော့်အိမ်နဲ့က ဝေးတယ်ဗျ။ ရုံးပိတ်ရက်တွေ ဆိုရင်တော့ သူ့အိမ်ရှေ့ကနေ သူ့ကိုတွေ့မလား သွားသွားကြည့်မိတယ်ဗျာ။တခါတခါ သွားရတာမလွယ်ဘူးဗျို့။ ဒါပေမဲ့လဲ ချစ်တာကိုးဗျ။

သူက ကျွန်တော် ရှုပ်သမျှပွေသမျှလဲ တော်တော်သိထားတယ်။အဲဒါက သူ့ကို ဖွင့်မပြောရဲတဲ့အချက်ပဲဗျ တော်ကြာကိုပြောလိုက်မှ သူ့စိတ် ထဲမှာ သူ့ကိုပါအပျော်တွဲတာလားဆိုတဲ့ စိတ်ဖြစ်သွားရင် ကျွန်တော် ရင်နှင့်ရင်းပြီး ခံစားချက်တွေ သဲထဲရေသွန်ဖြစ်ကုန်မှာမဟုတ်လား ခု တော့ အုံပုန်း လေး အောင်မျိုးဟန် ဖြစ်ပြီနဲ့တူရဲ့ ။ ကျွန်တော်ဘယ်လိုလုပ်ရမလဲ ပြောကြပါဦးလား ကြာပါတယ်ကွာ ဆိုပြီး သူကများ
ကဲ ကိုအောင်မျိုးဟန် ရှင်ချစ်တာ ကျွန်မသိတယ် ကျွန်မလဲ ရှင့်ကို ချစ်တယ် လို့ပြောရင်ကောင်းမယ်နော် ဟီး စိတ်ကူးယဉ်ကြည့်တာပါ တကယ်ဘယ်ပြေလိမ့်မလဲ သူကမိန်းခလေးပဲ ဟာ အော်ယောင်္ကျားတွေများ ဒုက္ခနော် ငယ်ငယ်တုန်းကလို အမေ၀ယ်ပေး ၀ယ်ပေး ဆိုပြီး ပူဆာလို့ရရင်သိပ်ကောင်းမှာပဲဗျာ

အကြံကောင်း ဥာဏ်ကောင်းလေးများ ရှိရင် ပေးကြပါဦးလို့

Comments

  1. အင်းပြောရတာ ခက်တယ် တခုတော့ရှိတယ် စမ်းကြည့် သူ့ ကိုစိတ်ထဲထားပြီး တရားထိုင်သလို မှတ်ပြီး မင်းပြောချင်တာတွေ ပြောစမ်း။ မင်းရဲ့စိတ်နဲ့  အရင်သူ့ ကို ပြောကွာ။ မေတ္တာလှိုင်းက တကယ် ပြင်းထန်တယ် မထင်ဘဲ သူ့ သိနိုင်တယ်။ ဘုရားရှစ်ခိုးတိုင်း မေတ္တာပို့  တကယ်လို့ ဘော်ဒါတွေ ရှိရင် မသိမသာနဲ့ ပြောခိုင်းကွာ လူ့ စိတ်ဆိုတာ ပြောရခက်တယ် ။ နဂိုထဲက မင်းကို မုန်းနေတာ ဆိုရင်တော့ မပြောတတ်ဘူး။ အေးကွာ ငါပို့ အသစ်မရေးဘူးဆိုပေမဲ့ မင်းအတွက်ရေးပေးမယ်

    ReplyDelete
  2. အင်းးးး
    သူမကိုတကယ်ပဲချစ်တယ်ဆိုရင်
    အရင်လိုမပွေမရှုပ်တော့ဘူးဆိုတာ
    သူမ ယုံလောက်အောင် အနေအထိုင်၊အသွားအလာ၊ အပြုအမူတွေကို ဘာပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့ လူတစ်ယောက်အတွက် သက်သေပြစေချင်တယ်။ အချိန်ဆိုတာ အကောင်းဆုံးအခွင့်အရေးပဲလေ။ ဒါပေမယ့် အခုဖွင့်မပြောရင်လူများဦးသွားမယ်ဆိုတာကိုလဲ ထည့်စဉ်းစားသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ်ကိုယ်ချစ်နေတာကို ချစ်နေကြောင်းတော့ ပြောထားလိုက်ပေါ့။ ပြီးတော့မှ အဲ့အချစ်ဟာ အမှန်အကန်ဆိုတာ သက်သေပြလိုက်စမ်းပါ သူမ ရဲ့ယုံကြည်မှုတစ်ခုကိုရတဲ့အချိန်ထိပေါ့..........

    ReplyDelete
  3. တကယ်ပဲချစ်နေတာလား မရသေးလို့ အသည်းအသန်လိုချင်နေတာလား။ ပြန်ပြီးဆန်းစစ်ပါဦးနော်။တကယ်ဆိုရင်တော့ ကိုယ့်ကိုသူအထင်ကြီးလေးစားလာအောင်နေပြလိုက်ပေါ့ ။ အရင်လိုမဟုတ်ဘဲနဲ့လေ။နောက်တော့သူ့ကို ဂရုစိုက်ပြလိုက်ပါ။ မိန်းကလေးဆိုတာက ဂရုစိုက်တာကိုပိုကြိုက်တယ်။

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????