ကျွန်တော့ရဲ့တစ်ခန်းရပ်ဇာတ်လမ်း

ညီမလေး
သိပ်ရက်စက်တယ်လို့ မပြောရက်ခဲ့ပါဘူးကွယ် ဒီလိုမျိုးတွေဖြစ်လာလိမ့်မယ်ဆိုတာ အစတည်းက ကြိုတင်မျှော်လင့်ထားပြီးသားပါ ဒါဆိုဘယ်သူမှားခဲ့သလဲ။ ကိုယ်ထင်တယ် မင်းနဲ့ ဆုံတွေ့ခွင့်ပေးခဲ့တဲ့ ကံကြမ္မာရဲ့အမှား နောက် ယုံကြည်မှုတွေထားပြီး ချစ်ခဲ့မိတဲ့ ကိုယ့်ရဲ့အမှားပါပဲ။

ဒီတခေါက်မန္တလေးမြို့ကို လာရတာ စိတ်ထဲမှာလေးလံနေသလိုခံစားရတယ်။ကားပေါ်က ဆင်းဆင်း ချင်းဗိုက်ဖြည့်ဖို့လဘက်ရေဆိုင်ထဲဝင်ကတည်းကံမကောင်းဘူးလေ တကယ် ဘာဆိုဘာမှကိုမရ တောဘူးတဲ့ တကယ်ပါပဲ စိတ်ကိုညစ်ရော အေးလေ ရောင်းကောင်းတဲ့ဆိုင် တွေဆို တော့ လဲ နေပစေပေါ့။မစားဘူး။ စိတ်ကသိပ်မကြည်တော့ဘူး။ စိတ်ညစ်ညစ်နဲ့ ကားလမ်း ကူးတော့မှပဲ စတွေ့တာ ဆိုင်ကယ်တစင်းက အရှိန်တော်တော်များများနဲ့မောင်းလာတာ ရှောင်မရတိမ်းမရနဲ့ တိုက်ပါလေရော တော်တေးတာပေါ့ဗျာ အိတ်ကိုတိုက်မိလို့ ဒါပေမဲ့လဲ လူကတော့လဲတာပါပဲဗျ စိတ်ထဲမှာ တင်းခနဲဖြစ်သွားပြီး ဒေါသများစွာနဲ့အော်မယ်ဟောက်မယ် လုပ်ပြီးကြည့်လိုက်မိတော့ မှ ကောင်မလေးတယောက် ဖြစ်နေတော့ ယောင်္ကျားလေး ပီပီ ကိုယ်က ပဲ ပြန်မေးလိုက်ရတယ်
ညီမလေးဘယ်နားနာသွားလဲ မင်းကအရမ်းမောင်းလာတာကိုးကွ
ဟာဗျာ ခင်ဗျားကနောက်မကြည့်ပဲ ဖြတ်ကူးပြီးတော့ တိုက်တာပေါ့ဗျ
ခုမှသေချာကြည့်မိတယ် ကောင်မလေး ကတော်တော်လှတာပဲဗျာ စိတ်ထဲမှာကြိတ်ဆုတောင်းမိတာ ကငါ့ချစ်သူလေးသာ ဖြစ်လိုက်ပါတော့လို့လေ။ဒါနဲ့သူလေးက
နေစမ်းပါဦး ခင်ဗျားက ဘာလို့အဲဒီလောက် တောင် ငေးနေရတာလဲ လူမမြင်ဖူးဘူးလား
ဟာမဟုတ်ပါဘူး ကွာ အမှန်အတိုင်းဝန်ခံရရင် မင်းကသိပ်လှတာကိုးကွ
အဲဒီအချိန်မှာပဲနောက်ကနေ အသံကြားတော့
ကိုကြီး ဟာ ဘယ်လျှောက်သွားနေတာလဲဟာ ဒီမှာ ရှာနေတာကြာလှပြီဟ ဟယ် အိစိုး နင်ဘယ်လာတာလဲ အံမယ် ငါ့အကိုကို လာ ကြိုတာလား ညဉ်းနော် ငါ့အကိုလာမယ်ပြောထားတာနဲ့ လာချောင်းတာမဟုတ်လား
ဟဲ့ဘာတွေလာပြောနေတာလဲ ငါကဒီမှာ မူဆယ်ကားဂိတ်လာရှာတာ ဒီအကိုကြီးက လမ်းမကြည့်ပဲဖြတ်ကူးတော့ ငါ့ဆိုင်ကယ်နဲ့ဝင်တိုးမိသွားလို့ တောင်းပန်မလို့ နော်ကိုကြီးနော် တကယ်ပါဟယ် ငါနင့်အကိုမှန်း မသိလို့ပါ
နေစမ်းပါဦး အိရယ် ဒီကားဝန်းထဲမှာ မူဆယ်ကားဂိတ်မှမရှိတာ နင်ပဲပြောထားပြီးတော့ ကောင်မမှန်မှန်ဖြေစမ်း နင်ဘာလာလုပ်တာလဲ
ဟာနင်ကလဲ ဘာတွေလာမေးနေမှန်းကို မသိဘူး တော်ပြီ တော်ပြီ ငါသွားတော့မယ် နေ့လယ်ကြရင် ငါ့ဆိုင်ကိုလာလည်ဦးလေ ကိုကြီးပါခေါ်ခဲ့ပေါ့ ငါသွားမယ် ကိုကြီးသွားပြီနော်

ဒီလိုနဲ့ကျွန်တော်လဲ ကျွန်တော့ညီမနဲ့ ကျွန်တော့အဖွားအိမ်ကိုပြန် လာခဲ့တယ်ဒါပေမယ့် သူ့မျက်နှာ လေးကိုတော့ ရင်ထဲမှာ စွဲနေမိပြီ။သေချာတာကတော့သူ့ကို ကျွန်တော် ချစ်မိသွားပြန်ပြီ လား မသိ ဘူးဗျာ။

အဲဒီအချိန်ကစပြီး စွဲကျန်နေခဲ့တဲ့ မင်းပုံရီပ်လေး ကို ကိုယ်ဖျောက်ဖျက်ဖို့ မကြီုးစားခဲ့တာ အမှန်ပါ။ နားရက်ရလို့ ရုံးပိတ်ရင် ကျွန်တော်အမြဲ မန္တလေး သွားနေခဲ့တာပေါ့ ။ ဒီလိုနေလာရင်းနဲ့ တရက် ကျွန်တော် မန္တလေး မြို့ကိုရောက်ခဲ့ပြန်ပါတယ်။
သူ့ဆီက ချစ်စကားကြားရပြီးတော့ ဒါ ပထမဆုံးအကြိမ် ပြန်ရောက်လာခြင်းပါပဲ။ ကျွန်တော်တို့တွေ ပျော်လိုက်ကြတာဗျာ မေမြို့ ။ အင်းဝ အစုံပါပဲ လျှောက်လည်ကြတယ်။ မဆုံးနိုင်အောင်ချစ်ကြမယ် လို့လဲ တယောက်နဲ့တယောက် ကတိတွေ တောင်ပေးလို့ပေါ့။ မှတ်မှတ်ရရပဲဗျာ။

နောက်ကျွန်တော်ရန်ကုန်ပြန်ရောက်တော့လဲ သူနဲ့ကျွန်တော် တယ်လီဖုန်းလေးနဲ့ အလွမ်းတွေ အသိပေးကြတယ်လေ။ ဖုန်းချ ခါနီး ရင် သူအမြဲပြောတဲ့ စကားလေးက “ကိုကြီးကို အရမ်းချစ်တယ်” တဲ့လေ
ကျွန်တော်အရမ်းပျော်နေခဲ့တာပေါ့။

အဲဒီလိုနဲ့မထင်မှတ်တဲ့နေ့တရက်မှာ ပဲ ကျွန်တော့် အလုပ်ကနေ မန္တလေးသွားရမယ့် ကိစ္စတခုက ရုတ်တရက်ပေါ်လာတော့ ကျွန်တော်လဲ သူ့ဆီအကြောင်းမကြားပဲ Make you suprise ဆိုပြီးဝမ်းသာသွားအောင်လုပ်မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ ရူးပြီး ထွက်လာခဲ့တယ်။ မန္တလေးရောက်တော့ သူ့ဆီချက်ချင်းမသွားနိုင်သေးဘဲ အလုပ်တွေ အရမ်းရှုပ်နေခဲ့တာပေါ့။ လုပ်ဖော်ကိုင် ဖက်ညီတစ်ယောက်က အလုပ်တွေပြီးတော့ ထမင်းလိုက်ကျွေးရင်းနဲ့ စကားစပ်မိသွားပြီး

အကိုက လူပျိုပဲလားဗျ ။ မိန်းမလေးဘာလေးမယူသေးဘူးလား
ဟ ညီရ ကိုယ့်အသက်က ငယ်ပါသေးတယ်ကွာ မင်းကလဲ
သြော် အကိုကသာမယူသေးတာဗျ အကိုတို့ အရွယ်တွေ တော်တော်များများ ယူကုန်ကြပြီနော်
ကျွန်တော်တောင်ယူမလို့စဉ်းစားနေတာ။ ဒါနဲ့အကို ကောင်မလေးက ဘယ်မှာနေတာမို့လဲဗျ။
အေးကွ ဒီမြို့သစ်ကပဲ သူတို့ ကဈေးထဲမှာ ကွာ မိန်းကလေးအ၀တအထည်တွေရောင်းတယ် ကွ
ဗျာ အကို ဘယ်လိုပုံစံလဲ ဗျ နာမည်ဘယ်လိုခေါ်သလဲ
နာမည်က တော့ အိစိုး တဲ့ ခပ်အေးအေးလေးပါပဲ ဘာလဲ မင်းသိလို့လား
နေဦး လူမှားတာနေမှာပါ ကျွန်တော်သိတဲ့ကောင်မလေးကတော့ ခပ်ရှုပ်ရှုပ်ပဲဗျ ဟုတ်မယ်မထင်ပါဘူးဗျာ
အေး ညီရ ဟုတ်မှာပါ
မင်းလိုက်မလား ငါခဏနေ ရင်သွားမှာ
အင်းလိုက်ကြည့်မယ်လေ မြင်ဖူးတယ်ရှိအောင်ပေါ့


ဒီလိုနဲ့ရောက်သွားတော့ သူတို့ဆိုင်ကပိတ်ထားတာတွေ့တယ်လေ ဒါနဲ့ပြန်လာတဲ့လမ်းမှာ
အကို စိတ်မဆိုးနဲ့နော် ကျွန်တော်ပြောတဲ့ ရှုပ်တယ်ဆိုတဲ့ကောင်မလေးက သူပဲဗျ
ဟင် ဟုတ်ပါ့မလားကွာ သူကအရမ်းအေးတာကွ
ဟုတ်ပါတယ်အကိုရ အကိုမယုံရင် ကျွန်တော်နဲ့ညနေ လိုက်ခဲ့
အေး ဘယ်ကိုလဲ
အော် ရှုမောင် ဆိုတဲ့ သူငယ်ချင်း တယောက်နဲ့ မိတ်ဆက်ပေးချင်လို့ပါ
သူကဘာလဲ
လောလောဆယ် သူ့ကိုလိုက်နေတဲ့ ကောင်လေ
ဟ ဖြစ်ပါ့မလားဟ
အော်ဖြစ်ပါတယ် အကိုရ ညနေလာခေါ်မယ် စောင့်နေ ကျွန်တော်သွားပြီ


ဒီလိုနဲ့ညနေ ကျွန်တော် သူနဲ့လိုက်သွားခဲ့တယ်။ ကောင်လေး တယောက်နဲ့မိတ်ဆက်ပေးတော့ ခင်ခင်မင်မင်ပဲ သူက
အကိုက ဘုတ်ဘုတ် နဲ့ဖြစ်နေတာဆိုတာ ကျွန်တော် ဒီကောင်ပြောပြလို့သိပြီးပါပြီ။အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်လဲ သူ့ကို အခုလိုက်နေတာဗျ။ သူနဲ့ကျွန်တော်နဲ့ က အရင်က ပတ်သတ်ခဲ့ ဖူးကြတယ်ဗျ။ သမီးရည်းစား မဟုတ် ဘူးနော် အရင်ကလိုက်ဖူးတာ သူကပြန်ကြိုက်တော့မှာလိုလိုဘာလိုလိုနဲ့ နောက်တော့ ကျွန်တော့ ကို ခေါက်ထား ခဲ့တာ ကြာပြီလားငါ့ညီ
အင်းနဲနဲ ကြာပြီဗျ ဒီကြားထဲလဲ သူ့ကို ကျွန်တော်မေ့လို့မရခဲ့ဘူးဗျ အဲဒါနဲ့အခု ပြန်လိုက်ဖြစ်သွားတာဆိုပါတော့ဗျာ သူ့ကိုကျွန်တော်ပြောထားတယ် သူဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်ခွင့်လွှတ်မယ် ကျွန်တော့ကို လက်ထပ်ပါလို့ပြောထားတယ်
သူကဘာပြောလဲ ညီ
သူက မနက်ဖြန်အဖြေပေးမယ်လို့ ပြောထားတယ်ဗျ
အော် မင်းသူ့ကိုတကယ်ချစ်သလား
ဟုတ်ကဲ့
ငါနဲ့ဖြစ်နေတာကိုသိတော့ရော မင်းဘယ်လိုမှမနေဘူးလား
အင်း ကျွန်တော် အကိုကိုတော့ အားနာပါရဲ့ သူ့ကိုကျွန်တော် တကယ်ချစ်တယ်ဗျာကျွန်တော့်ကို ဆက်လိုက်ခွင့်ပေးပါဗျာ
မင်းကို သူကဘယ်လိုသဘောထားလဲတော့ အကိုလဲမသိဘူးလေ ဒါပေမဲ့ မင်းမှာကအကို့ထက်ပိုပြီးအခွင့်အရေးရှိတာက သေချာတယ် ညီရ အဲဒီတော့ လွတ်လပ်နေသေးတဲ့မိန်းခလေးတယောက်က်ု မလိုက်ရဘူးလို့ ကို့မှာတားပိုင်ခွင့် မရှိဘူးလေ ဒါပေမဲ့ ညီ ကိုယ့်ကို တခုကူညီ
ပြောလေ အကို
ဒီလိုကွာ မင်းလဲ သူ့ဘက်ကဖြူသလားမဲသလားသိရအောင် ကိုယ်လဲစိတ်ရှင်းအောင် ဒီလိုလုပ်ရအောင်
??????????????????????????????????????


အဲဒီလိုဆွေးနွေးပြီးတဲ့နောက်တနေ့ ကျွန်တော် သူ့ကို တွေ့ဖို့အတွက် ချိန်းလိုက်ပါတယ်။ ညနေလောက်မှာ သူ့ကိုသွားခေါ်ပြီး မန္တလေးရဲ့အရမ်းလှပတဲ့ ကန်တော်ကြီးဘက်ကို ဆိုင်ကယ်စီးရင်း လေညှင်းခံထွက်လာခဲ့တယ်လေ ကျွန်တော့် ဆိုင်ကယ်ရဲ့အနောက်ခပ်လှမ်းလှမ်းမှာ တော့

ညီမလေး ကိုယ်တို့ဆိုင်ကယ်အနောက်က လိုက်လာတဲ့ ဆိုင်ကယ်ကို သိလား
ဟင်ဘယ်မှာလဲ အော်မသိပါဘူးကိုကြီး
အော် ဟုတ်လား မသိပါဘူးကွာ အနောက်ကနေလိုက်လာသလိုဖြစ်နေလို့


ထိုသို့ပြောနေစဉ်မှာပဲ သူမ ကျွန်တော်မမျှော်လင့်ထားတဲ့ အပြုအမူတခုကို ပြုလုပ်လိုက်ပါတယ်။အဲဒါကတော့ နောက်ကလိုက် လာတဲ့ ရှုမောင်ကို လက်ဟန်ပြပြီးလှမ်းစကားပြောလိုက်ခြင်းဖြစ်ပါတယ်။ကျွန်တော့သွေးတွေ ဆူဝေသွားပြီး ချက်ချင်း ဆိုသ လိုပမောင်းနေတဲ့ဆိုင်ကယ်ကို ရပ်လိုက်မိပါတယ်။နောက်တဆက်တည်း နောက်ကနေကျော်တက်လာတဲ့ ရှုမောင်ကိုပါ
ဟေ့ ညီ ခဏကွာ

ရှုမောင်ကလည်း အလွန်ကောင်းတဲ့ ဟန်ဆောင်မှုနဲ့ သူ့ဆိုင်ကယ်ကိုရပ်ပြီး
ကျွန်တော်ဘာကူညီရမလဲ ဗျ ဆီပြတ်သွားလို့လား
မဟုတ်ပါဘူးကွာ ကိုမေးစရာလေးရှိလို့ပါ
ဗျာ ဘာလဲမသိဘူး အကို
အော် ငါ့ညီ မင်းနဲ့သူနဲ့သိကြလား လို့ပါ
ဟုတ်သိပါတယ် ကျွန်တော်တို့ကသူငယ်ချင်းတွေပါ
အော် ဟုတ်လား ညီ ကို့ကိုရောသိလား
အကိုက သူ့အကို မဟုတ်လား ရန်ကုန်မှာနေတာလေ
အာ ငါ့ညီမှားနေပြီကွ ကိုယ်ကသူ့အကိုမဟုတ်ဘူး သူ့ချစ်သူပါ နောက်သူကငါ့ညီကိုလဲ မသိဘူးပြောတယ်ကွ
ဟင် ဘုတ်ဘုတ် မင်းတော်တော်ဆိုးပါလား။ ဒီလိုဗျာ ပွင်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က သူ့ကို ချစ်ရေး ဆိုထားတယ်ဗျာ သူကဒီနေ့အဖြေပေးမယ်ဆိုလို့ သူ့ဆိုင်ကိုသွားတော့ ဆိုင်ပိတ်ထားတာနဲ့ ညနေဘက်တော့ အပြင်ထွက်မှာပဲထင်ပြီး သွားရှာတော့ မှ အကိုနဲ့ တွေ့တာနဲ့နောက်ကနေလိုက်လာတာပါ
သြော် ဟုတ်လား အေးကွာဒါဆိုလဲ ကိုကမသိတော့ ညီတို့နှစ်ယောက်ကြားမှာ ၀င်ရှုပ်သလိုဖြစ်သွားတယ်။ ကဲညီမလေး ဒီညီလေးပြောတာတွေက တကယ် ပဲအမှန်တွေပဲလား


သူဘာမှမပြောနိုင်ရှာဘူးလေ။ ကျွန်တော့် စိတ်ထဲမှာလဲ အရမ်းရှက်နေတယ် အဲဒီအချိန်က ကျွန်တော့မျက်နှာနီရဲနေမှာ အသေချာပဲဗျာ။ဒါနဲ့ ဆက်ရင်ဆိုင်ဖို့ သတ္တိမရှိတော့တဲ့ ကျွန်တော် အဲဒီနေရာကနေ အမြန်မောင်းထွက်လာခဲ့တယ် သူ့ကိုအဲဒီမှာ ထားခဲ့ပြီလေ သူဟာကျွန်တော့ဘ၀ထဲက ထွက်ခွာသွားပြီ ပြန်ဆတွေနိုင်ဖို့အင်အားတွေကျွန်တော့မှာ မရှိတော့ဘူး ဘယ်တော့ဖြစ်ဖြစ် အချစ်နဲ့ပက်သက်ရင်ကံမကောင်းနိုင်တဲ့ ကျွန်တော် ဒီတခါလဲကံမကောင်းခဲ့ပါဘူးဗျာ။
နောက်တနေ့မနက်မှာ တော့ ရှုမောင် ကျွန်တော့ဆီရောက်လာပြီးကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။

အရင်ဘ၀ကံကြွေးမကျေခဲ့လို့ များဒီဘ၀မှာလာဆပ်နေရသလားမသိဘူးဗျာ။ ဘယ်တော့ပဲဖြစ်ဖြစ် ချစ်တဲ့သူနဲ့လွဲရတဲ့ ကျွန်တော့်အတွက်နောက်နောင်ဒီအဖြစ်မျိုးနဲ့ဝေးပါရစေလို့ ၀ိုင်းဝန်းဆုတောင်းပေးကြပါဦးဗျာ။

ဒီ POST ကိုရေးဖို့အတွက် သေသေချာချာစဉ်းစားခဲ့ရပါတယ်။ အမည်နာမတွေ နဲ့ အကြောင်းအရာတွေ တိုက်ဆိုင်မှုရှိခဲ့ရင် ခွင့်လွှတ်ပါလို့ပြောရင်း ကျေးဇူးတင်စွာဖြင့်

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????