ရင်နင့်အောင်ရူး

မင်းရဲ့ရက်စက်ခြင်းတွေအကြောင်း
ကဗျာတပုဒ်လောက်ရေးရဦးမယ်လေ
ငါဆိုနေကျသီချင်းလေးကို
အဖန်ဖန်ကြားရလို့
မင်းငြီးငွေ့နေတာသိလာပါပြီ

အော်..ဟောင်းလေသစ်လေ
ဖြစ်နေတဲ့ ငါ့ရင်ခုန်သံတွေက
နှစ်ချို့WHISKY လိုသာ
တန်ဖိုးတိုးလာခဲ့တယ်

ဟိုတစ်နေ့က မြင်လိုက်ရတယ်
မင်းမျက်ဝန်းမှာ မီးစိမ်းစိမ်းတွေတောက်လို့ပါလား
ငါ သိပ်ကြောက်သွားမိတာကို
မင်းလှောင်ရယ်နေမှာ မြင်ရောင်ပါရဲ့။

ငါ ငတ်မွတ်နေတဲ့
နင့်အနမ်းတွေကို ဘယ်တော့များမှ
၀၀လင်လင် စားသုံးနိုင်မှာပါလိမ့်ကွာ

ငါ မနေ့ညက အိပ်မက်တခုမှာတော့
ကျေနပ်ခွင့်ရလိုက်တယ်
မင်းနဲ့အတူပေါင်းသင်းနေထိုင်ခွင့်ရလိုက်တယ်တဲ့လေ
အိပ်မက်က နိုးချိန်ကျတော့
ငါလက်တွေ့မှာ မင်းရက်စက်မှုတွေအကြောင်း
ကဗျာစပ်နေခဲ့တယ်။

ဟတ်ဟတ် ဘယ်လောက်တောင်
ရယ်ဖို့ကောင်းလိုက်တဲ့ကံကြမ္မာလဲ
ခုချိန်ထိ ငါ့အချစ်စစ်မှန်တာကို
လူတွေမယုံကြည်နိုင်ကြသေးဘူးလေ။ ။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????