ကြယ်ကလေးသို့.....

I LOVE YOU
IInnocent
LLoving
OOdd
VVigorous
EEnergetic
YYouthful
OOutrageous
UUseful

ငါ့စကားတွေ နိမ့်ကျနေလောက်တယ်
ဒါပေမယ့် ငါ့အချစ်တွေ ကောင်းကင်ထက်တောင်မြင့်ပါသေးတယ်
ငါခပ်မြောက်မြောက်နဲ့ မင်းလက်ကိုတွဲ
လမ်းလျှောက်ရချိန်တိုင်းကို တန်ဖိုးထားခဲ့ပါတယ်
ငါ့ရင်ခွင်ထဲ မင်းရောက်နေချိန်တိုင်းမှာ
ငါ့နှလုံးသားအဆက်မပြတ်ခုန်နေတယ်
မင်းမျက်ဝန်းညိုတို့ ငါ့ကြောင့် တစ်ခါစိုစွတ်စဉ်တုန်းက
ငါအတိုင်းမသိဝမ်းနည်းခဲ့ဘူးတယ်
မင်းမျက်ဝန်းညိုတို့ စိမ်းစိမ်းတောက်တော့
ငါဆောက်တည်ရာမရ ကြောက်လန့်ခဲ့ဘူးတယ်
သြော် ကောင်းကင်က ကြယ်တစ်ပွင့် ငါ့ရင်ထဲကို ကြွေကျခဲ့တာလား
ကြယ်ကလေးရေ
မင်းကို ငါ့ဘုရင်မတစ်ပါးလို ခယပါ့မယ်
ငါ့ရင်ခွင်ကို ထားခဲ့ပြီး
အဝေးကိုထွက်မသွားပါနဲ့နော်
ငါတစ်ယောက်တည်း မနေတတ်တော့လို့ပါ.........

Comments

  1. စကားလုံးတွေက ထိတယ်..နှလုံးသားထဲက ဒိုင်ရာလော့ခ် တွေ

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????