ကြိုက်မရှက်၊ငိုက်မရှက်၊ငတ်မရှက်

ကြိုက်မရှက်တဲ့
ဝန်ခံပါတယ်
မင်းမျက်ဝန်း ၊ မင်းအပြုံး
မင်းအကြင်နာ ၊ မင်းအနမ်း
ငါစွဲလန်းလွမ်းလို့
ငါမရှက်နိုင်တော့ပါဘူး..............

ိငိုက်မရှက်တဲ့
ဝန်ခံပါတယ်
မင်းစကား မင်းအမူအရာ
အားလုံးမှာ
ငါအငိုက်မိခဲ့သူမို့
ငါမရှက်နိုင်တော့ပါဘူး................

ငတ်မရှက်တဲ့
ငါဝန်ခံပါတယ်
မင်းအကြင်နာ မင်းအချစ်
မင်းရဲ့ဂရုစိုက်မှုတွေကို
ငါငတ်မွတ်တောင့်တစွာ
လိုအပ်နေတာမို့
ငါမရှက်နိုင်တော့ပါဘူး...............

Comments

  1. ဤကဗျာလေးကို ကြိုက်ပါ၏။ :)

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????