ရင်ဆိုင်မယ်

ငါတန်ဖိုးထားတဲ့ ချစ်ခြင်းတွေဟာ
ငါ့ရင်မှာ အကြောက်တရားမရှိ
စိုးရွံ့ခြင်းကင်းမဲ့စွာ တွယ်ငြိတယ်
လာပါကွယ်
တို့လက်တွေခိုင်ခိုင်မြဲတွဲလို့
ရှေ့ကိုတိုးထွက်ကြမယ်လေ
ဟိုးရှေ့မှာ ခပ်ဝါးဝါးမြင်ရတယ်
ဒုက္ခလား....သုခလား?
သမုဒယများနဲ့ ဖြတ်ကျော်မယ်
သံယောဇဉ်တွေချည်နှောင်လို့
နားလည်မှုနဲ့ တို့တွေခရီးဆက်စို့
ဟေ့....လောကဓံရေ့
ငါစိန်ခေါ်ပါရဲ့....................။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????