ဘာလိုသေးလဲ

ငါ့စိတ်မှာ
ငါတို့ရှေ့ရေးကို အမြဲတွေးဖြစ်နေတယ်

ငါ့အတွေးမှာ
မင်းအကြောင်းတွေအမြဲ နေရာယူတယ်

ငါ့ဦးနှောက်က
မင်းကိုအမြဲ တန်ဖိုးထားနေတယ်

ငါ့နှလုံးသားမှာ
မင်းအတွက်အချစ်တွေ အမြဲသစ်သစ်နေတယ်

ငါ့ရင်မှာ
မင်းဟာဘုရင်မ တပါးလိုနေရာယူထားပြီးရှိနေတယ်

ကဲ ဘာလိုသေးလဲ ချစ်သူ
မင်းဟာ ငါ့ဘ၀ရဲ့ အကြီးမားဆုံး
အချစ်တန်ခိုးရှင် နတ်သမီးပဲ

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????