ချစ်နေပါရစေ


ဘ၀ကတိုတိုလေးပါကွာ
ငါ့ဘ၀ရဲ့နေညိုချိန်ကလည်း
မကြာခင်လာတော့မှာ
မင်းဘာကိုတွေးနေတာလဲ

ငါဘာကိုတန်ဖိုးထားတာလဲ
မင်းမသိခဲ့တာလား
မင်းမသိသေးတာလား
မင်းမသိချင်ယောင်ဆောင်နေခဲ့တာလား

ဘာပဲဖြစ်ဖြစ်
ခုငါသောက်နေတဲ့
စီးကရက်တလိပ်မကုန်ခင်မှာတောင်
ငါသေသွားနိုင်တာကို
မင်းမေ့မထားနဲ့ဦး

ငါမသေခင်လေးတော့
မင်းကို ချစ်နေခွင့်ရချင်ပါတယ်
တကယ်ပြောတာပါ
ငါမသေခင်နောက်ဆုံးအချိန်ထိ
မင်းကိုချစ်နေပါရစေ......


Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????