တခုတည်းပါ

“မောင် ၊ မအဖေက သူနဲ့ လိုက်တွေ့ ဖို့ခေါ်ထားတာကြာပြီ လို့ပြောနေပြီ ၊ မောင်ဘယ်တော့လိုက်တွေ့မှာလဲ”
“ကဲပါ ၊ အခုလိုက်တွေ့မည်”
ဒီလိုနဲ့ ကောင်လေးတယောက် ယောက္ခမ ရဲ့ အစစ်ဆေးခံရန် ရောက်သွားခဲ့ရသည်။
ယောက္ခမကလည်း ကုလားထိုင်တွင် မိန့်မိန့်ကြီး ထိုင်ပြီး စစ်ဆေးခန်းစပါတော့သည်။

“ကဲ ၊မောင်ရင် ဦးကတော့ မောင်ရင်ကိုအထူးအထွေ မိတ်ဆက်စရာမလိုဘူးထင်တယ် ဟုတ်လား။ များများစားစားလဲမေးစရာ မရှိပါဘူးကွာ”
”မောင်ရင် အရက်သောက်တတ်လား”
“မသောက်တတ်ပါဘူး ခင်ဗျ”

”ဒါဆို ဖဲတော့ ရိုက်တတ်မှာပေါ့ ”
“မရိုက်ပါဘူး ဦး”

“ဆေးလိပ်ကော”
“ကျွန်တော်ဆေးလိပ်မသောက်တတ်ဘူးခင်ဗျ”

”မိန်းမကိစ္စကောရှင်းရဲ့လား”
“ဟုတ်ကဲ့၊ ရှင်းပါတယ်ဦး”

“အာ ဒါဆိုမောင်ရင် ဘာမဟုတ်တာလုပ်တတ်သလဲ”
“ကျွန်တော် လိမ်ပြောတာကလွဲလို့ ဘာမဟုတ်တာမှ မလုပ်ပါဘူး ဦး”

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????