အချစ်အကြောင်းတစေ့တစောင်း

အချစ် အချစ် လူတိုင်းကမေးကြတယ် အချစ်ဆိုတာဘာလဲ။ ကျွန်တော်နားလည်ထားတဲ့အချစ်ဆိုတာကတော
  1. ပျော်ရွှင်မှု
  2. စိုးရိမ်ကြောင့်ကြမှု
  3. လွမ်းဆွတ်မှု
  4. နားလည်မှု
  5. ကြေကွဲမှု
တွေပဲဗျာ

၁။ ပျော်ရွှင်မှု
ဟုတ်တယ် ပျော်ရွှင်ခဲ့ရတယ်။ “ဘာကိုမှနားမလည်ခင် အချစ်ဟာပျားရည်လို ချိုမြိန်တယ်” အဲလက်စ် သီချင်းစာသားပဲ ။တကယ်ဘာကိုမှ ရင် မဆိုင်ရသေးချိန်မှာ အချစ်ဟာ ပျော်ရွှင်စရာတွေ အပြည့်နဲ့ပေါ့။

၂။စိုးရိမ်ကြောင့်ကြမှု
ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးရမှာ လား ဆိုတဲ့စိုးရိမ်မှု။ တကယ်ကို နှစ်ယောက်စလုံးအတွက် ပူလောင်တယ်။ ဒီအချိန်မှာ သ၀န်တိုမှု ပေါ့

၃။လွမ်းဆွတ်မှု
မတွေ့ရတဲ အချိန်တွေမှာ ခံစားရတဲ့ဝေဒနာလေ။
“သူရောပဲ ကိုယ့်လိုများ ယောင်ရမ်းတမ်းတနေမလား”
ဒီလိုလွမ်းခဲ့ရတယ်။

၎။နားလည်မှု
အရေးကြီးတယ် နားလည်မှုရှိမှ ရှေ့ဆက်ချစ်လို့ရနိုင်မှာလေ။နားလည်မှုဆိုတာမရှိတော့ရင်......

၅။ကြေကွဲမှု
ကြေကွဲမှုဆိုတာကတော့ အများနဲ့သက်ဆိုင်မှု ရှိချင်မှရှိမှာပါ။
ချစ်တဲ့သူနဲ့ကွေကွင်းရတဲ့ ဒုက္ခ ပေါ့။ တကယ်ကို ရင်ဆိုင်ရခက်ပါရဲ့။
တချို့ စိတ်အင်အားမပြည့်စုံသူတွေဆို ကိုယ့်အသက်ကိုတောင် ရန်ရှာတတ်ကြတယ်။

ကျွန်တော် Blog စရေးကတည်းက ကိုယ့်ခေါင်းစဉ်ကို ဘယ်သူ့ကိုမှ Tag မလုပ်ခဲ့ဘူးသေးဘူး။
ဒီတခါတော့ Tag ပြီ။
အချစ်ဆိုတာဘာလခေါင်းစဉ်နဲ့ Tag ခြင်းခံရသူများကတော့
  1. မီးလေး
  2. ကဗျာချစ်သူ
  3. မော်စီတုန်း
  4. လင်း(အမှတ်တရများစွာ)
  5. နှင်းပွင့်ဖြူလေး
ဘယ်လိုလဲ ရေးပေးမည်မဟုတ်လား။ရေးပေးကြဦးနော်။

Comments

  1. ရေးပေးမယ်လေ
    ခဏတော့စောင့်ပေးမယ်ဟုတ်

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????