ကျွန်တော့ရဲ့ထွက်ပေါက်ကို နေရာချခြင်း

လူတော်တော်များများ(အထူးသဖြင့် သူငယ်ချင်းတွေပေါ့) မင်း Blog ရေးမှပဲ Blogger အပိတ်ခံရပြီ တဲ့။ မဆီမဆိုင်နော်။ ပြောပါစေ သူတို့ကလဲ ကျွန်တော့ရဲ့ မတောက်တခေါက်စာတွေ ကို ဖတ်ပြီး ပစ်ပစ်နှစ်နှစ် ဝေဖန်ပေး တဲ့ကျေးဇူးရှင်တွေပေါ့။ ခုနောက်ပိုင်း ကြတော့ ဟိုကျော် ဒီကျော် နဲ့မို့ အဆင်မပြေဘူး ဆိုပြီး ၀င်မ ကြည့်ကြတော့တာကြောင့် အပြောအဆို ခံရတာနဲနဲ သက်သာသွား ပါတယ်။
ဒါပေမဲ့ လူဆိုတာကလဲ ကိုယ်လုပ် နေကြ ကိုယ်ကြားနေကြ မကြားရ မမြင်ရရင် တခုခု လိုနေသလို မျိုး က အမြဲဖြစ်တတ်တော့ သူတို့ ဘာမှမပြော တော့ နေရထိုင်ရတာ တမျိုးကြီး ဖြစ်နေတာနဲ့ သူတို့လွယ်လွယ် ၀င်ပြီး ကိုယ့်ကိုဝေဖန်နိုင်အောင်လို့ ပီကေ ရဲ့ အကူအညီ ယူပြီး domain ပြောင်းထားလိုက်တယ်။
တခြားဘယ်သူပြောင်းချင်သေးလဲ ပြောင်းချင်ရင် ဒီကို သွားပြီးလေ့လာလိုက်လေ။

Comments

  1. ကိုအောင်မျိုးဟန် ကိုသနားလာပြီ ကျနော်ရေးတိုင်း template ကိုပြင်နေတာနော်
    - ထွက်ပေါက်ကို အိတ်ဇောပိုလို့ ပြောတော့ ကားနောက်ပိုင်းပုံ ကနေ ကားရှေ့ ပိုင်း
    - ၀င်ပေါက်လို့ ပြောတော့ ကားရှေ့ ပိုင်းပုံ (မပြောင်းဖို့ တောင်းပန်ရသေး)
    - ကမ်းစပ်ပုံ မှာ ဓါတ်ဆီဈေးတက်လို့  ကားရောင်းပြီး လှေဝယ်မလို့ လား ပြောတော့ ကားတစီးပုံ
    - ဘယ်ဘက်အမြင်ကား ကြောင့် မှီထားတဲ့ စားပွဲကျိုးသလား မေးတော့ ကားပုံ ပျောက်သွားတယ် စိတ်မရှိပါနဲ့  (ဆက်နောက် ပါရစေ) ကျနော်ပြောတိုင်း လိုက်ပြင်ရတဲ့ အတွက် စိတ်မကောင်းပါ (ရီချင်ပါဒယ်) စိတ်မဆိုးတဲ့ သဘောကောင်းတဲ့ ဘလော့ကာလို့  ချီုးကျူး ပါတယ် ()

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????