Brain Scannr တဲ့ Get link Facebook Twitter Pinterest Email Other Apps February 25, 2008 မမီ ဘလောက်ကနေတွေ့လို့ သွားကြည့်တာ ပြီးတော့ စမ်းလာခဲ့တယ်လေ။ဝါသနာပါရင် သွားကြည့်ပါလား။http://brainscannr.com/ Get link Facebook Twitter Pinterest Email Other Apps Comments MELODYMAUNG27.2.08really half by half of happy and sad feeling in your real life?Wish you enjoy your real life, my dear :)ReplyDeleteRepliesReplyAdd commentLoad more... Post a Comment ဤသို့ခံစားရပါသည်
လူမိုက်ဆိုတာဘာလဲ December 10, 2007 တရက် မူလတန်းကျောင်းလေးတွင် ဆရာမက သူ့တပည့်လေးများအပေါင်းအသင်းမမှားစေရန် နှင့် လူ့ကျင့်ဝတ် များကိုသိစေရန် ၃၈ ဖြာမင်္ဂလာတရားတော်ကိုသင်ကြားနေလေသည်။ ထိုသို့သင်ကြားရင်း အသေ၀လာစဗာလာနံ တရားတော်အစတွင်ဆရာမက “ကလေးတို့ရေ လူမိုက်ကို မပေါင်းသင်းရဘူး ကွယ့်နော်” ဟုပြောရာတွင် အလွန်စူးစမ်းတတ်သောကလေးတ ယောက်က “ဆရာမ လူမိုက်ဆိုတာ ဘာလဲ၊ဘယ်လိုပုံစံလဲ” ဟုမေးလေ၏။ ထိုအခါ ဆရာမကလည်း “အင်းလူမိုက်ဆို တာ၊နေဦးကွာ ဆရာမ မနက်ဖြန်ပြောပြမယ်” ဟုပြော၍ အတန်းဖျက်ကာနားနေခန်းသို့ အမြန် ပြေျးေလ၏။ နားနေခန်းအရောက်တွင် ထိုအကြောင်းကိုပြောပြရာမှ ဆရာမများ က ၊ လူမိုက်ဆိုတာ အရက်ကို လူမှန်းမသိ အောင် သောက်တဲ့လူ၊ ဆေးလိပ်အရမ်းသောက်တဲ့လူ စသည်ဖြင့် အငြင်းပွားကြရာမှ နောက်ဆုံး ကျောင်းအုပ် ဆရာမကြီးရုံးခန်းသို့ရောက်သော ဟူ၏။ ထိုသို့အငြင်းပွားရာတွင် သူတဖက်ငါတဖက်ငြင်းကြသောကြောင့် နှစ်ဖက်ဖြစ်သွားသည်မှာ အထူးအထွေ ပြောရန်လိုမည်မဟုတ်ပေ။ နောက်ဆုံး ဆရာမကြီး၏အဆုံးအဖြတ်ကို ခံယူမည် ဆိုကာဆရာမကြီးကိုမေးသောအခါ “ငါလဲမသိဘူး” ဟူသောပြောင်မြောက်သောအဖြေကို ရလေ၏ ထို့ကြောင့် ထိုအခက်အခဲမှ လွန်မြောက်စေရန် သင့်ကို အားကိုးရပေလိမ့်မည်။ ယခုစာဖတ်နေသူ အသင်သည်လွန်စွာမှ ဥာဏ်ပညာကြီး Read more
လက်ထပ်လက်စွပ် April 09, 2008 မင်းရဲ့ ဘယ်ဘက်လက်သူကြွယ်မှာ လက်စွပ်လေးတကွင်းငါစွပ်ပေးပါရစေ ဘာလက်စွပ်လဲလို့ မင်းမေးရင် ငါဖြေလိုက်မယ် `လက်ထပ်လက်စွပ်ပါ ချစ်သူ´လို့လေ မင်းရှက်ပြီးရယ်နေမှာငါမြင်ယောင်ပါသေးရဲ့ တချို့က ညာဘက်လက်သူကြွယ်မှာဝတ်ကြတယ် ဒါပေမဲ့ ချစ်သူ ရယ် ဘာပဲဖြစ်ဖြစ်ပေါ့ ဘယ်ဘက်လက်သူကြွယ်မှာပဲ ၀တ်လိုက်ပါ မင်းရင်ထဲမှာတော့ ငါ့ကို ထည့်ထားပေးလိုက်နော်။။ Read more
ဝီရိယ လွန်တော့?????? July 10, 2008 အပူရည် (ကော်ဖီ) တွေကို မြိုချလိုက်တယ် တစ်ကြိုက်ဆိုမှ တစ်ကြိုက်တည်း ဘ၀ရဲ့ ဒီအခိုက်အတန့်ကို ကန့်လန့်တိုက်ပစ်ချင်နေတာ အရင်ဘ၀လောက်ကတည်းက ဆိုရင် မလွန်လောက်ဘူး မီးခွက်ရှိရာ ပြဿနာကရောက်လာတာပါဗျာ မီးခွက်က ပြဿနာလိုက်ရှာတာမဟုတ်ပါဘူး ဟုတ်ပါ့ ခွေးက သူ့ဘာသာအိပ်နေတာ လူတွေက သူ့အပေါ်ပြာတွေလာပုံသွားတာ ဒါနဲ့ များ ပြာပုံတိုးတယ် အပြောခံရသေးရဲ့ ဝေတေတေ၀ါးတားတား မနက်တိုင်း စားခဲ့တဲ့ မနက်စာတွေသာစကားပြောတတ်မယ်ဆို "အသင်လူသား သင်ဒီနေ့ ဘာလုပ်မလဲ" လို့မေးကြလိမ့်မယ် ရည်ရွယ်ချက်ရှိရဲ့သားနဲ့ လမ်းပျောက်တာလောက်ဆိုးတဲ့ ဘ၀ ရှိမလား အတိတ်ကံနည်းတယ်ပဲဆိုဦး ငါ...၀ီရိယတွေလွန်လို့ ကျွန်တောင်ဖြစ်တော့မယ်။။။။။။။။။။။။။ Read more
really half by half of happy and sad feeling in your real life?
ReplyDeleteWish you enjoy your real life, my dear :)