ချည်တိုင်

တဖက်သက်ဆန်သလို
အလွမ်းဇာတ်လည်းပါရဲ့
နေစဉ်နေ့တိုင်းကြုံခဲ့သမျှ
ညနေတာရင်ဖွင့်စရာက
ချစ်သူရဲ့ရုပ်သေတစ်ခုသာ
ရှုပ်နေသမျှ ရင်ထဲက
အစဉ်အမြဲတမ်းတစရာက
ဝေးတစ်နေရာက
အတွေးသခင်မလေးပေါ့
ညစဉ်တိုင်းလဲအိပ်မက်
စိတ်ပျက်စရာကောင်းလောက်အောင်
အလွမ်းကလဲနှိပ်စက်လို့
အိပ်ပျက်ညတွေဆို
တကိုယ်ရေဘ၀ထဲ
ဘယ်လိုနေရမလဲ
အချိန်တန်ရင်
ငှက်တွေတောင်အိပ်တန်းပြန်တာပဲ
ခုတော့ငါ့ရင်ထဲကအလွမ်းတွေ
ဘယ်ဆီမှန်းဆလို့
ပြန်စရာချည်တိုင်ကိုပဲတောင့်တလို့

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????