The Most I Afraid

ချစ်သူရေ
ငါ့စိတ်တွေကတော့
ငှက်တကောင်လို
အတောင်ကောင်ပေါက်လို့
မင်းရှိရာကိုရောက်နေတယ်။

အတိတ်ဆိုတဲ့
တို့ဆုံခဲ့တဲ့ခဏများကို
လွမ်းရင်းမှန်းဆ
ငါအရမ်းတမ်းတနေမိတာက
ရခဲ့တဲ့မင်းရဲ့အနမ်းလေးပါ။

ခုတော့ချစ်သူ
မင်းနဲ့ငါဟာ အလှမ်းဝေးကွာ
ငါ့ရဲ့အသည်းတခြမ်းတောင်
လွမ်းလွန်းလို့အရမ်းပဲရောင်
အမှောင်ထဲမှာထိုင်မိတိုင်း
ငါဘေးနားဆိုင်သူမရှိတာကို
ငါလွမ်းတာဆိုင်သူမသိ
ငိုင်ငူမိရင်း ပူနေမိတယ်
"မင်းမေ့သွားမှာကိုလေ"

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????