ကျွန်တော့ရဲ့အသဲကွဲဇာတ်လမ်း

ဝင်လိုက်တာနဲ့ ပျံကျဲနေတဲ့ စာရွက်တွေ ။ကျပ်ခိုးအပြည့်နဲ့ နံရံတွေ။ ဖုံအလိန်းလိန်း နဲ့ မတီးတာကြာပြီ ဖြစ်တဲ့ ဂစ်တာအို တလက်။ ခေါက်သိမ်း ထားတဲ့ အိပ်ယာလေး။ ဒါတွေကို ပြန်တွေ့ တော့မှ ရင်ထဲကို အလွမ်းတွေ နဲ့ကြေ ကွဲမှုတွေ မပင့်မ ဖိတ်ပဲရောက်လာရ ပြန်တယ် ယုရေ။

“ဟဲ့ နင်ဘာလာလုပ်နေတာလဲ”
“အန်၊ ဘာလာလုပ်ရ မှာလဲ ဟ၊ နင့် ကိုလာစောင့်နေတာပေါ့။”
“အံမယ် ဒီနေ့မှ ထူးထူးခြားခြား”
“မသိဘူးဟာ ငါလဲ ဒီနေ့မှ ပဲ မနက်စောစော နိုးတာနဲ့ နောက် နင့်ကိုလဲ သတိရတာနဲ့ ထွက်လာလိုက်တာ”
“အေး ဒါဆိုလဲ ပြီးတာပဲ လာသွားစို့”

ရင်ထဲ ကနေ နင့်ကို မနက်တိုင်းလာကြိုချင်နေခဲ့တာ နင်မှ မသိဘဲ ယုရယ်။ယု ရယ် နင်ဟာ ငါ့အတွက် တော့ ရင်ထဲကနေကြိတ်ပြီးမျှော်လင့်နေခဲ့ ရသူပါ။နင့် မျက်နှာလေးကို မြင်တိုင်း ငါ့ ရင်တွေ ဆောက်တည်ရာ မရ ခုန် တက်လွန်းလို့ နင့်ရှေ့မှာ အိနြေ္ဒ ပျက်ခဲ့ ရတဲ့ အကြိမ်ပေါင်း လဲ မနည်းတော့ ပါဘူး။ ဒါကို နင် မမြင်တာလား။ မသိချင်ယောင် ဆောင် နေ တာလား ဟာ။အခုလည်း


“ဟန်လေး ဟိုမှာ စပါယ်ယာ က ကားခ(ယာဉ်စီးခ) လိုက်ကောက်နေပြီ နင်ပေးလိုက်”
“အေးပါဟ”
“နင်ကလေ သွက်သွက်လက်လက်ကို မရှိဘူး၊ ငါနဲ့သွားတိုင်း အဲဒီလို ချည့်ပဲ”
“ဟိုကောင်တွေ နဲ့ဆို ရင် တမျိုး၊ နင် ငါနဲ့ မသွားချင်ဘူးလား၊ ငါနဲ့ သွားရတာ နင့်အတွက် တာဝန်တခုလို ဖြစ်နေတာလား”
“မဟုတ်ပါဘူးဟာ၊ နင်ကလဲ၊ ငါအတွေးလွန်နေလို့ပါ ဟ”
“သြော်၊ နင် က ငါနဲ့ သွားနေတာတောင် နင့်ဟာလေးတွေ အကြောင်း တွေးနေ တုန်းလား နင်ကလေ”

သြော် ထင်ပဲ ထင်တတ်လွန်းတယ် ယုရယ် ငါတွေးနေတာ နင့် အကြောင်းတွေပါ လို့ ကျွန်တော် ပါးစပ်က ဖွင့်မပြောရဲ ခဲ့ ပါဘူး။စတွေှ့ကတည်းက ခုထိ နင့်အကြောင်းတွေ ပဲ ငါတွေးနေမိတာ၊ နင့်ကိုပဲ ဂရုစိုက် တာတွေ နင် မသိဘူးလားဟာ။ွှအဲဒီနေ့ က ကျောင်းရောက်တော့ နင်ဘယ်သူ့ ကို ကြည့်တယ်၊ ဘယ်သူ့ ကို မျက်နှာသာ ပေး တယ် ငါ အကုန်ဂရုစိုက် ပြန်တော့ လဲ နင်က

“ဟန်လေး၊ နင် ငါ့ကို အဲဒီလို လာမလုပ်နဲ့နော်၊ ငါ့ဘာသာ လွတ်လွတ်လပ်လပ်နေ ပါရစေ၊ နင် အဲဒီလို လုပ်နေဦးမယ်ဆို နောက်နေ့ တွေ ငါ့ဘာသာ ကျောင်းသွားမယ်၊ နင်လာမကြိုနဲ့တော့။”
“ဟာ မဟုတ်ပါဘူး နင်ကလဲ ငါက နင့်ကို ဂရုမစိုက်ဘူး ပြောမှာ စိုးလို့ လေဟာ”
“သြော်၊ နင်က ငါပြောမှာစိုးလို့ပေါ့ နင့်ဘာသာ နင် ဂရုစိုက်တာ မဟုတ်ဘူးပေါ့လေအေး၊ နောက်ဆိုမပြောတော့ဘူး နင်လဲ ငါ့ကို ဘာဂရုမှ မစိုက်နဲ့၊ ဖုန်းလဲမဆက်နဲ့၊ လူလဲမလာနဲ့၊ငါ့ဘာသာ တစိယောက်တည်း နေမယ်”
“ဟာ မဟုတ်ဘူး ယု၊ နေပါဦး၊ ငါပြောတာ အဲဒီသဘော မဟုတ်ပါဘူးဟ ။ ငါ က နင် စိတ်ဆိုးမှာ စိုးတာကြောင့်ပါ ဟာ။ ငါ့ကို စိတ်မကောက်ပါနဲ့ ဟာ။ ဟဲ့နေ ဦးဆို”
“နင် ငါ့နောက်ဆက်မလိုက်နဲ့ နော်။ ငါ ငိုလိုက်မှာ”
“အေးပါဟာ မငိုပါနဲ့ နော်၊ ငါမလိုက်တော့ပါဘူး၊ နင်ကလဲဟာ လမ်းမကြီးမှာ ငိုရင် ရှက်စရာကြီးလေဟာ။ လူတွေက နင့်ကို ၀ိုင်းကြည့်မှာ မရှက်ဘူးလားနော် မငိုနဲ့နော်”
“သြော် နင် စကားရော ဖောရောနဲ့ ၊ နေခဲ့ဆိုတာကို ”
“အာ နင်ကလဲ ရှေ့နားဆို လမ်းသွယ်(၄) ရောက်တော့မှာလေ အဲဒီမှာက ခွေးတွေ ရှိတယ်လေ၊ နင်တယောက်တည်း ဆိုကြောက်နေမှာပေါ့ နင် မကြောက်ဘူးလား ၊ ငါကစေတနာနဲ့ ပြောနေတာနော် နင်စဉ်းစား ငါကပြန်သွားလို့ ရတယ်။ နင်ပဲ တယောက်တည်း သွားရမှာ”
“အေးဒါဆိုလဲ အဲဒီနေရာကျော်တဲ့ အထိလိုက်ခဲ့ ပြီးရင်ပြန်တော့”
“အေးပါဟ”

အဲဒီလို ကျွန်တော့အပေါ်အနိုင်ယူ တတ်တဲ့ ယု ပါ။သူ့ကို ချစ်နေ တဲ့ကျွန်တော်ကို အမျိုးမျိုး အနိုင်ယူတတ်ခဲ့ ပါ တယ် ။တနေ့တော့

“ဟန်လေး၊ငါ့ကို ကိုဝင်းနိုင် က ချစ်တယ်လို့လာပြောတယ်၊ အဲဒါငါဘာလုပ်ရမလဲ”

“အန် ဒီလူကြီးက၊ အာ ငါမသိပါဘူဟာ၊ နင့်စိတ်ထဲ က စဉ်းစားရမှာ၊ ငါပြောလို့မှ မရတာ”

”သြော်၊ ဒီလိုလား နင်ဘာမှ ပြောစရာ မရှိဘူးပေါ့။ နင်သဘောတူတယ်ပေါ့လေ။”

“ဟင်း တွေ့မယ် ငါ မနက်ဖြန်အဖြေပေးမယ် လို့ ပြောလိုက်မယ်၊ ငါက နင့်ကို တိုင်ပင်တာ နင်သူငယ်ချင်းကောင်း

“ပီပီသသများအကြံဥာဏ်ပေးမလားလို့”

ပြောနေရင်းနဲ့ ဖုန်းခလုပ်တွေပေါ် လက်ကရောက်သွားပြီး

“ဟယ်လို၊ ကိုဝင်းနိုင်လား၊ အင်း ကိုဝင်းနိုင် တောင်းထားတာ လေ၊ အင်း မနက်ဖြန်ပေး မယ် သိလား၊ အင်း ကျောင်းကို လာခဲ့လေ။OK နော် ဒါပဲ။ Bye Bye။ ကဲ ငါကတော့ ပြောလိုက်ပြီ။ မနက်ဖြန် နင်ရှေ့မှာ ငါသူ့ကို အဖြေပေးမှာ။ နင်လုံးဝ မတားတာကို က နင်သဘောတူ လို့ပေါ့နော်။”

“နင်သူ့ကို ချစ်လို့လားဟာ”


“ဟ ငါချစ်စရာ မလို ဘူးလေ ၊ နင်လို သူငယ်ချင်း ကတောင် မတားနိုင်လောက်အောင် သူ ကပြည့်စုံတာပဲ၊ ငါ့အတွက် စဉ်းစားစရာ မလိုဘူးပေါ့။ ငါသွားမယ်”

(ဆက်ပါမည်)

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????