ကျွန်တော့ရဲ့အသဲကွဲဇာတ်လမ်း(ဇာတ်သိမ်းပိုင်း)

“ဟဲ့ စော”
“ဘာလဲ ဟဲ့ အလန့်တကြား”
“နင်ပြောတော့ ငါ့စာအုပ်က ဟန်လေးဆီမှာဆို”
“ဟဲဟဲ ငါက နင်ဘယ်လောက် ရင်ခုန်သွားမလဲ လို့ စမ်းကြည့် လိုက်တာ”
“နင်ဟာ ငါခေါင်းနားပန်း တောင် ကြီးသွားတယ်”

“နင်ရေးထားတာတွေ ငါဟန်လေးကို ပြောပြလိုက်ရမလား”
“ပြောပေါ့၊ ငါမှဘာမှရေးမထားတာ”
“အော် နင်ဘာမှရေးမထားဘူး ဟုတ်လား။ ချစ်ခွင့်မရှိတဲ့ နှလုံးသားမှာ အားငယ်။ ဆိုတာမျိုးတွေ လေ“
“ငါသိပါတယ် ယုရယ်။ နင် ဟန်လေးကို ကြိုက်နေတာများ”
“ဟဲ့ ငါကြိုက်တာနဲ့ မရဘူး၊ သူကဖွင့်ပြောမှ ငါက ပြန်အဖြေပေးလို့ရမှာလေ၊ မိန်းမရဲ့ ငါတို့က မိန်းခလေးလေ ကိုယ်ကစပြီးဖွင့်ပြောလို့ ရတာမှမဟုတ်တာ။”
“ဟော။ မိန်းမ ၀န်ခံပြီပေါ့။”
“သြော် နင်က ငါ့ဒိုင်ယာရီ တအုပ်လုံး ဖတ်ပြီးမှ အကုန်သိပြီးသားသူကို ငါက မဟုတ်ဘူးပြောလို့ ရမလားဟဲ့။ ဒါပဲနော် နင်မိန်းခလေးဈေး မဖြတ်နဲ့။ အဲဒီဟန်လေး ငါ့ကိုဖွင့်မပြောသရွေ့ ငါကစပြီး ဘယ်တော့မှ ဖွင့်ပြောမှာမဟုတ်ဘူး”

ခဏနေတော့ ယုပြန်သွားသည်။ ကျွန်တော် လဲ မနေနိုင်တာနဲ့ စော ဆီဝင်ပြီးမေးတော့ တကယ်ပဲ လျှို့ဝှက်နိုင် တဲ့ မိန်းခလေးတွေ ဖြစ်သည်။ စာအုပ်ထဲမှာဘာရေးထားလဲ လုံးဝမပြောပြခဲ့။သေချာတာတခုကတော့ ကျွန်တော် ပျော်နေတာပဲဖြစ်သည်။

အဲဒီညက အိပ်မပျော်ပေမဲ့ နောက်တနေ့ မနက်မှာ အစောကြီး ကြည်ကြည်လင်လင် နိုးနေတော့ ကျွန်တော်လဲ လွယ်အိပ်ကိုလွယ်ပြီး ကျွန်တော်နှလုံးသာခေါ်ဆောင်ရာနောက်ကို လိုက်ခဲ့မိသည်။ သူတို့အိမ်နားက အုတ်ခုံ လေးပေါ်မှာထိုင်နေတဲ့ကျွန်တော်ကို မြင်တော့ သူ့မျက်နှာပြုံးရောင်သန်းသွားတာ ကျွန်တော် သတိထားမိသွား သည်။
“ဟဲ့ ထူးထူးခြာခြား ပါလား”
“မနက်စောစောစီးစီး အဲဒီမှာဘာလုပ်နေတာလဲ”

သူတကယ်ပဲ မသိချင်ရောင် ဆောင်တဲ့နေရာမှာ ကျွမ်းကျင်နေတာလားမသိ။အဲဒီတော့လဲ ကျွန်တော်တာဝန်က

“နင့်ကို လာစောင့်နေတာလို့ ပြောရမှာပဲ ဟ၊ ဘာလို့ဆိုတော့ ငါ့ တသက်လုံး ဘယ်မိန်းခလေး ကိုမှ ဒီလို မျိုး စောင့်ခဲ့တာမဟုတ်ဘူးဆိုတာ နင်သိနေတာပဲလေ၊ နင်ကလွဲလို့ပေါ့”
“အောင်မယ် ဟန်လေး နင်တောင် စကားတွေ ဘာတွေ ပြောတတ်နေပါလား ဘယ်သူသင်ပေးထားတာလဲ”
“ဟန်၊ နင်ကလဲ ငါ့ဘာသာ ငါပြောတာပါဟ၊ ငါကကလေးလေးလဲ မဟုတ်ဘူး နင် ကလဲ”
“ကဲပါ ။ ဒါတွေပြောမနေနဲ့တော့။ နင်အခု ကျောင်းသွားမှာလား”
“အေးလေ နင်ကကော”
“ငါဒီနေ့ကျောင်းမသွားဘူးဟ၊ ငါ ရုပ်ရှင်သွားကြည့်ချင်လို့ နင်လိုက်ပို့။နင်မလိုက်ချင်ရင် ရတယ်နော် ငါကိုလိုက်ပို့ချင်တဲ့ သူတွေအများ ကြီးပဲ”
“အေးပါဟာ ငါသိပါတယ်။”
“နင် အတွက်ပေါများမှန်း ငါသိပါတယ်ဟာ၊ ငါလိုက်ပို့မှာပါ။”
“အေးဒါဆိုလဲ ပြီးတာပဲ၊သွားမယ်”

(ဒန်တန့်တန်xxxxxxxxxxxx)

သမ္မတ္တ ရုပ်ရှင်ရုံထဲရောက်တော့ ကျွန်တော့ ရင်တွေအရမ်းခုန်နေ တာရပ်လို့မရ။ခါတိုင်း ရုပ်ရှင်သွားကြည့် ဖို့ ပြောတိုင်းနှစ်ယောက်ထဲဆို ငြင်းတတ်သောသူမ စိတ်ကိုဘယ်နတ်ဘုရားကများ ပြောင်းလဲစေနိုင်လိုက် သလဲ ကျွန်တော် သိချင်လိုက်တာ။ စိတ်လှုပ်ရှားရင် ငြိမ်ငြိမ်မနေတတ်သော ကျွန်တော့အကျင့်အတိုင်း တချိန်လုံးအ ငြိမ်မနေသောကျွန်တော့ကို

“ဟဲ့ နင်ဟာလေ ဂဏာကိုမငြိမ်ဘူး၊ဇာတ်လမ်းကကောင်းနေပြီ။နင်ငြိမ်ငြိမ်နေ”
“အေးပါဟာ”

ဒီလိုနဲ့ရုပ်ရှင်ပြီးသွားတယ်။ရုံကအထွက်လှေကား အဆင်းမှာ သူချော်လဲမလိုဖြစ်တဲ့အချိန်ကစ ပြီး သူ့လက်ဖ၀ါး လေးတွေကို စကိုင်ထားလိုက်တယ်။ပြီးတော့

“ဟဲ့ နင်အိမ်ပြန်တော့မှာလား”

သွေးတိုးစမ်းပြီးမေးရင်းနဲ့ တဆက်တည်း

“အိမ်ပြန်ရင်လဲ အစောကြီးပြန်လာတယ် ဖြစ်နေမယ်ဟ။ ကျောင်းသွားရင်လဲ ဘယ်သူမှ ရှိမှာမဟုတ်တော့ဘူး။
နင်နဲ့ငါ ကန်တော်ကြီးသွားရအောင်”

ထူးဆန်းလိုက်တာများ “နင်သွားချင် သွားပေါ့” တဲ့ ခေါင်းလေးငုံ့နေတယ်။ အဲဒီလိုနဲ့ပဲ သူနဲ့ကျွန်တော် ချစ်သူ တွေဖြစ်သွားကြတယ်လေ..................

သူနဲ့ချစ်သူဖြစ်သွားကြပြီးတော့ မှ ကမ္ဘာလောကကြီးဟာ အရမ်းသာယာလာသလိုပဲ ဗျာ။
ဘယ်လောက်ပဲပျော်နေကြဦးတော့၊ဘယ်လောက်ပဲချစ်ခဲ့ကြဦးတော့ ချစ်သူဘ၀အမှတ်တရအနေနဲ့က ကျွန်တော် သူ့နှဖူးလေးကို တကြိမ်နမ်းခဲ့ ဖူးပါတယ်။
ဒီလိုနဲ့တနေ့ မှာ ကျွန်တော့ မွေးသဖခင်ရဲ့ ကိစ္စတခုနဲ့ မန္တလေး ကိုသွားစရာကြုံလာခဲ့ပါတယ်။ ဒါဟာ ကံကြမ္မာရဲ့လှည့်ကွက်တခုမှန်းကျွန်တော်တို့ သိခဲ့ရင်သိပ်ကောင်းမှာပဲဗျာ။
မန္တလေးမှာ မကြာသင့်ပဲ တလကျော်ကြာသွားခဲ့တယ်။ ရန်ကုန်ကို ပြန်ရောက်တော့ သူမရှိဘူး။ စုံစမ်း မေးမြန်း ကြည့်တော့ (တကယ်က သူ့အိမ်သွားမေးတာ ခပ်တည်တည်နဲ့) သူ့အဖွားအသဲအသန်ဖြစ်လို့ သူတို့အရင် နေတဲ့ နယ်မြို့လေးကို ခဏပြန်သွားတယ် ဆိုတော့ မှကျွန်တော် သက်ပြင်းချပြန်လာခဲ့ရတယ်။ဒီလိုနဲ့ တပတ် လောကအကြာမှာသူပြန်လာတယ် သူနဲ့တွေ့တော့

“ငါနင့်ကို အရမ်းလွမ်းနေခဲ့တာ ယုရာ”
“ငါလဲ နင့်လိုပါပဲဟာ။ ငါကတောင်ပိုရင်ပို ဦးမယ်။ နင်တို့ယောင်္ကျားလေးတွေဆိုတာက လွယ်တာမဟုတ်ဘူး ဟွန်း”

အဲဒီလိုပြောတဲ့သူမကို ကျွန်တော်စကားနိုင်မလုခဲ့ပါဘူး။နောက်ဆက်ပြောတာက

“ဟန်လေး နင် နဲ့ငါ နောက်ဆိုသိပ်တွေ့ရတော့မယ်မထင်ဘူး။ ဟိုမှာ ငါ့အဖွားက ကျန်းမာရေးမကောင်းတော့ သူ့အလုပ်တွေ ငါသွားလုပ်ပေးရမှာ အဲဒါ နင်နေနိုင်တယ်မဟုတ်လား”

“နင်က အပြီးသွားနေမှာလား”

“ခဏသွားလိုက် ပြန်လာလိုက်လုပ်မှာပါ”

“ဒါဆိုရင် ရပါတယ်။နေပါဦး ငါမနေနိုင်ရင် နင်ဘာလုပ်မှာလဲ”

“ဘာမှမဟုတ်ပါဘူး၊နင်နေနိုင်မနေနိင် သိချင်တာပါ”

ဒီလိုနဲ့ တနေ့ အဲဒီတနေ့ဟာ ကျွန်တော်တို့ နှစ်ယောက်ကို ခွဲပစ်တဲ့ တနေ့ပါပဲ။ ကျွန်တော့အဖေ ရဲ့ အလုပ်နဲ့ နယ် ကို ပြောင်းရတော့ ၁၀တန်းအောင်ခါစကျွန်တော် လဲပါသွားရတော့ တာပေါ့။ဒါပေမဲ့ သူရေးခဲ့တဲစာလေး တွေသူပေးခဲ့တဲ့ ပို့စကတ်လေးတွေ နဲ့ကျွန်တော်အလွမ်းတွေပြေခဲ့ရပါတယ်။ဒါပေမဲ့ တပတ်ထက်တပတ် သူ့စာ အရေးအသားတွေတဖြည်းဖြည်း ဝေးလာတာကိုသတိမထားမိခဲ့တဲ့ကျွန်တော် တရက်သော တနင်္ဂနွေ ညနေမှာ အသဲကွဲ ခန်းရောက်ပါတော့တယ်။

“တီ တီ တီ တီ”
“ဟယ်လို အမိန့်ရှိပါ”
“ဟုတ်ကဲ့ ဟန်လေးရှိပါတယ် ခဏနော်”
“ဟေ့ကောင် မင်းဖုန်း”
“ဟယ်လို ဟာ ။ အေး စော ပြောငါ”
“အန် ယုဘာဖြစ်လို့လဲ“
“နင်သေချာလို့လားဟာ၊ ငါမယုံဘူး၊ အေးဒါဆို ငါလိုက်သွားမယ်”
“အေးဒါပဲနော် ကျေးဇူးတင်တယ်ဟာ ငါ့အတွက် စိတ်ပူပေးလို့”

ဖုန်းပြောပြီး ကျွန်တော် နားမလည်ခြင်းကြီးစွာနဲ့ ခြေပစ်လက်ပစ်ထိုင်ချလိုက်တဲ့ကျွန်တော့်ကို ကျွန်တော့သူငယ် ချင်းက

“ဟေ့ကောင်ဘာဖြစ်လို့လဲ”
“ငါxxxxသွားမယ်၊မင်းလိုက်မလား၊ဒီနေ့ညရထားနဲ့”
“ဘာလဲ မင်း ယု လား ဘာဖြစ်လို့လဲ”
“မင်းလိုက်မှာလား၊မလိုက်ဘူးလား”
“အေးအေး လိုက်မယ်“

ဒီလိုနဲ့ကျွန်တော်တို့ နှစ်ယောက်xxxxxကိုရောက်သွားခဲ့ပါတယ်။ ရောက်ရောက်ချင်းပဲ ကံဆိုးစွာ နဲ့ ကျွန်တော့ သူငယ်ချင်းတွေ့လိုက်တာက

“ဟေ့ကောင် ဟိုမှာကြည့်စမ်း။ အဲဒီအတွဲ အရမ်းလိုက်တယ်နော်၊ ကောင်လေးကော ကောင်မလေးကော အရပ်ရှည်တယ် သူတို့မွေးတဲ့ကလေးတော့ ဘယ်လိုနေမယ်မသိဘူး ဟီး”

ကျွန်တော်လိုက်ကြည့်မိတော့ ကျွန်တော် ကြားထားတဲ့ သတင်းတွေအမှန်ဖြစ်ကုန်တယ်။စိတ်ကိုငြိမ်အောင်ထိန်း ပြီး သူ့အနားကို သွားပြီး နှုတ်ဆက်လိုက်တော့

“သြော် ဟန်လေး၊ နင်ဘယ်လာတာလဲ အလည်ပဲလား။အလုပ်ကိစ္စရှိလား”

ကျွန်တော်စိတ်ထဲကနေ ပြောလိုက်မိတာက တော့
“ငါ့နှလုံးသားကို လာကွဲစေလိုက်တာပါဟာ။ငါ့အချစ်တွေအတွက် ငါ့နှလုံးသားကို လာကွဲစေလိုက်တာပါ”
“ငါ့နှလုံးသားကို လာကွဲစေလိုက်တာပါဟာ။ငါ့အချစ်တွေအတွက် ငါ့နှလုံးသားကို လာကွဲစေလိုက်တာပါ”
“ငါ့နှလုံးသားကို လာကွဲစေလိုက်တာပါဟာ။ငါ့အချစ်တွေအတွက် ငါ့နှလုံးသားကို လာကွဲစေလိုက်တာပါ”
“ငါ့နှလုံးသားကို လာကွဲစေလိုက်တာပါဟာ။ငါ့အချစ်တွေအတွက် ငါ့နှလုံးသားကို လာကွဲစေလိုက်တာပါ”
“ငါ့နှလုံးသားကို လာကွဲစေလိုက်တာပါဟာ။ငါ့အချစ်တွေအတွက် ငါ့နှလုံးသားကို လာကွဲစေလိုက်တာပါ”
“ငါ့နှလုံးသားကို လာကွဲစေလိုက်တာပါဟာ။ငါ့အချစ်တွေအတွက် ငါ့နှလုံးသားကို လာကွဲစေလိုက်တာပါ”

ရင်မှာနှောင်ကြိုး သံယောဇဉ်တိုးလို့
မြတ်နိုးတွယ်တာ ချစ်လိုက်ရတာ
ရူးလှပါပြီ လို့
ပြောခဲ့တာလည်း........................သူ

သံသရာဘ၀တချက်
မေ့ကွက်လို့မရအောင်
ရင်မှာစွဲနစ်ခဲ့ပြီလို့
ချွဲခဲ့တာလည်း............................သူ

အပြုံးမပျက် အမုန်းမဖက်
အဆုံးတသက်တိုင်အောင်
ချစ်သွားကြရအောင်လို့
နွဲ့ခဲ့တာလည်း............................သူ

သြော်.......အခုတော့လည်း
ခြားနေဘဝ
ဂုဏ်ဓနကြောင့်
တနယ်တကျေး အနေဝေးလို့
နှလုံးသားဖောက်ပြန်
တယူသန်နဲ့
ချန်ရစ်ခဲ့သူ............................................................သူ။ ။

Comments

  1. သွယ်ဝိုက်ရေးထားတာ သိပ်နားမလည်ဘူး။ တဲ့တဲ့ပြောပါ လက်ထပ်သွားတာလား နောက် ရီးစားထားသွားတာလား။

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????