တမ်းတခြင်းဒုက္ခ

သမုဒယ အလွမ်းတွေနဲ့
ယခုဘ၀ လွမ်းရဦးမှာပါလား
အချစ်ရေ...........
တမ်းတခြင်း ဒုက္ခတွေနဲ့အတူ
နွမ်းလျတဲ့ ကိုယ့်ဘ၀ဟာ
မင်းကိုတမ်းတနေရုံကလွဲံလို့
ဘာတတ်နိုင်ဦးမှာလည်း အချစ်ရယ်...
မင်းရဲ့အမုန်းတွေကို
အဆုံးသတ်ပါတော့လား
ကိုယ့်မှာဒုက္ခသိပ်များနေလို့ပါ
မင်းကိုတမ်းတမိတဲ့နေ့တိုင်း
လွမ်းတသသနဲ့
ရင်မှာအလွမ်းပင်လည်ဝေခဲ့ရတယ်လေ
မင်းကိုနေ့တိုင်းတမ်းတမိတဲ့“ငါ”
တမ်းတခြင်းဒုက္ခဟာနေ့တိုင်းပါလားလို့
တွေးမိသေးဘူးထင်ပါရဲ့။ ။

ကျွန်တော့သူငယ်ချင်းတယောက်ရဲ့ကဗျာပါ။ အားပေးကြပါဦးနော်..

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????