ဆက်လျှောက်

ဘ၀အရောင်
ညနက်မှောင်မှောင်
ပြိုကျမယောင်
မမြင်မှုန်ဝါး
မကွဲပြားပဲ
ကျင်းချိုင့်ခရောင်း
ဆူးညှောင့်လောင်းသော

လမ်းဆိုးကြမ်းမှာ
ခရီးမရောက်
လမ်းမပေါက်စွာ
လျှောက်လှမ်းညစ်နွမ်းနေတယ်
သို့သော်...............
ဆက်လျှောက်
အမှောင်ထက်မမဲ
သန်းကောင်ထက်ညဉ့်မနက်
ရောင်နီမိုးသောက်လုပြီ
ဟိုမှာ..................မိုးသောက်ကြယ်။ ။

Comments

  1. ဆက်လျှောက်နေပါမယ်
    သူငယ်ချင်းရယ်

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????