ဘိုးတော်ငတေ

ငတေလမ်းလျှောက်နေပါသည်။ ဟုတ်ပါသည်၊ငတေလမ်းလျှောက်နေပါသည်။ ငတေလမ်းလျှောက်ရာလမ်းတလျှောက်တွင် ရှိသမျှ လူများရှောင်ရှား ကြသည်။ အဝေးမှတွေ့လျှင်ပင် ကိုယ့်အိမ်ကို ပြေးဝင်ကြသည်။ ထိုသို့ပြေးဝင်ရှောင်ရှားကြခြင်းသည် ငတေကလူမိုက်တယောက် ဖြစ်နေ၍လား။ထိုသို့ မဟုတ်ပါ ငတေသည် လူရိုးလုအေးတယောက်ဖြစ်ပါသည်။ သို့သော်...................

ထို “ သို့သော် ” ဆိုသည့်စကားလုံး၏နောက်တွင်ကား......`

ိငတေဆိုသော နာမည်ပညတ်ချက်မှာ ငတေမွေးကတည်းက အရပ်မှပေးထားသော ဖြောက်ဖျက်မရသည့် ဂုဏ်ပုဒ်တစ်ခုဖြစ်သည်။ငတေ၏မိဘ များ ကတော့သူတို့၏ချစ်လှစွာသော တစ်ဦးတည်းသောသားလေးအား “မြင့်မြတ်” ဟူသော နာမည်တစ်ခု နှင့် ချမ်းသာကြွယ်ဝမှုများကိုပါအမွေအဖြစ် ထားခဲ့ကာ သူ ၁၀နှစ်သားကို ခြေနှစ်လမ်းမျှအကျော်တွင် ဘ၀တပါးသို့ကူးပြောင်းသွားကြလေသည်။ ငတေမှာ မိဘများ၏ ရုပ်ရည်သာလွန်မှုများကြား မှ လွန်စွာဂျစ်တီးဂျစ်ကန် မှုန်ကုပ်ကုပ်မျက်နှာထားတခုကို ပိုင်ဆိုင်ထားလေသည်။ ထိုအချက်သည်ပင်ငတေဟူသောဂုဏ်ပုဒ်ကို ရရှိခြင်း၏အဓိကနေ ရာမှပါ ၀င်လေသည်။ငတေ (၆)တန်းကျောင်းသားဘ၀တွင် သူ၏မျက်နှာထားကြောင့် ကျောင်းသူကျောင်းသား များ၏ရှောင်ကြဉ်ခြင်း များစွာကို ရင်ဆိုင်ခဲ့ရသလို။ ဒေါသအလျှောက် စကားများရန်ဖြစ်ရာမှ မျက်နှာတွင် ညိုမဲဖူးရောင် နှစ်ခါဖြစ်ခဲ့ရသည်။ ကျောင်းအုပ်ဆရာကြီး၏ သြ၀ါဒ စကားကိုလဲ ကြိမ်ဖန်များစွာ ကြားနာရဖူးသည်။ သို့သော် ငတေ ဘွဲ့တစ်ခုတော့ အောင်မြင်စွာရခဲ့ပါသည်။ (သိတယ်မဟုတ်လား)

ဘွဲ့ရပြီးသော ငတေသည်မိဘလက်ငုတ်လက်ရင်းအလုပ်များကို စိတ်မ၀င်စားသည့်အလျှာက် လွန်စွာသစ္စာရှိသော လူယုံများဖြင့်လွှဲအပ်ထားကာ ၀င်ငွေရှိ သော ၁၀၉-၁၁၀ စည်းစိမ်ကို အပြည့်အ၀ ခံစားကာမြန်မာနိုင်ငံ အနှံခရီးလှည့်လည်လေ၏။ ရပ်ကွက်ထဲမှလူများကတော့ ငတေရုတ်တရက်ပျောက်ဆုံး သွားမှုကို ဂရုမပြုမိခဲ့ကြပေ။

ခပ်ပေါပေါရုပ်ရှင်များစွာကဲ့သို့ပင် တနှစ်လောက်ကြာသော်.............................

တနေ့ငတေလမ်းလျှောက်နေသည်။ ရပ်ကွက်၏လမ်းမပေါ်တွင် ၀တ်ဖြူစင်ကြယ်ဖြင့်လမ်းလျှောက်နေသည်ကိုတွေ့ရသည်။ထိုအခိုက်မှ ငတေပြီးခဲ့သော ကာလအတန်ကြာပျောက်ဆုံးမှု ကိုသတိထယးမိကာ ငတေဘာတွေလုပ်နေခဲ့သနည်း?မေးခွန်းကို စိတ်ဝင်စားလာကြသည်။ လမ်းသလားနေသောငတေ ကို သတင်းမေးနှုတ်ဆက်သူများပေါများလှသည်။ငတေကတော့ ချစ်စဖွယ် သူ့မျက်နှာလေးကို ပို၍ချစ်စဖွယ်ဖြစ်စေရုံသာ ပြုံးပြသည်မှလွဲ၍ ထို့ထက်မပိုပေ...

တနေရာအရောက်တွင် ငတေ၏ရွှေနှုတ်တော်မှ ရှားပါးစွာ ထွက်ကြလာသော စကားမှာ

“ဟာ ကိုတင်ရွှေ။ ခင်ဗျားမြို့ထဲသွားမလို့လား ကားလမ်းကူးရင် သတိထားနော် ကားတိုက်ခံရကိန်းမြင်တယ်။ မပေါ့နဲ့နော် ။ ဖြစ်နိုင်ရင်ဒီနေ့မသွားပါနဲ့လား ဗျာ။”

ကိုတင်ရွှေ မြို့ထဲသွားဖြစ်အောင်သွား၏ ။ ကားကလဲတိုက်ဖြစ်အောင်တိုက်၏ ။ နောက်ဆုံးကိုတင်ရွှေ ပေါင်ကြိုး၍ ဒုက္ခိတ ဘ၀သို့ရောက်လေ၏ ။
ထိုအချိန်မှစ၍ ငတေ၏ အတင်း ငတေ၏သတင်းများကား ရပ်ကွက်၏ သတင်း ရပ်ကွက်၏ အတင်းများ ဖြစ်လေသတည်း ။ ။

“ဘိုးတော်ငတေလာလေပြီ”

တခုသောတနင်္ဂနွေ၏ မနက်ခင်းတွင် ပုံမှန်အတိုင်း ငတေ လမ်းသလားနေ၏ ။ ပါးစပ်မှလည်း မည်သည်ကိုတတွတ်တွတ်ရွတ်နေသည်မသိ ။ ငတေလမ်း လျှောက်နေသည် ။ အိမ်တစ်အိမ်ရှေ့တွင် ငတေရပ်၏ ၊ ထို့နောက်အိမ်ထဲသို့ ဆိုင်းမဆင့် ဗုံမဆင့် ၀င်သွားလေ၏ ။ ထိုအိမ်ထဲမှ အိမ်ထောင်ဦးစီး ကိုလှမြင့် ခေါင်းဆောင်သော အိမ်သားများ တည်ခင်းဧည့်ခံသော လဘက် ၊ ရေနွေးကြမ်း စသည်တို့ကို မြိန်ယှက်စွာ သုံးဆောင်ပြီး တခွန်းတည်းသော စကားကိုပြော၏ ။
“ဦးလှမြင့် ခင်ဗျားထီပေါက်မယ်”

ထိုသို့ပြောပြီးငတေ ရုတ်ချည်းထ၍ပြန်လေသည်။ဦးလှမြင့်မိသားစု အံအားသင့်၍ ကျန်လေ၏ ။ တိုက်ဆိုင်မှုဟုဆိုရမည်လား မသိ ။ ထိုလကုန်ထီဖွင့်ပွဲ တွင် ဦးလှမြင့် သိန်း၃၀၀ ထီပေါက်လေ ၏ ။ ထိုမှတဆင့် ဘိုးတော်ငတေဟူသော အရပ်ကပေးသော ဂုဏ်ပုဒ် တခုကို ထပ်မံပိုင်ဆိုင်ပြန်လေ၏ ။

ထိုမှတဆင့် ငတေကားရပ်ကွက်မှ မြို့နယ် အဆင့်သို့တိုး၍ နာမည်ကျော်ကြားလေ၏ ။ ငတေ၏အိမ်ရှေ့တွင်လည်း ငတေဆီသို့လာသော ဧည့်သည်များစည်ကားစပြုလာလေ၏ ။

ဆက်ရေးမယ်နော်

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????