ချစ်သူရဲ့တန်ဖိုး

ချစ်သူ့အသံအား
ရင်နှင့်ကြားခိုက်
နားဝချိုသာ
ပိုကာချစ်မိပါသည်.........မေ


ချစ်သူ့ရုပ်သွင်
ရင်နှင့်တွေ့မြင်
လွမ်းစိတ်ဝင်ကာ
ရင်၌မွန်းကြပ်
အသက်မကမြတ်နိုး
တသက်စာဖိုးမျှ
တန်ဖိုးထားရပါသည်........မေ

ချစ်သူ့အမုန်း
ဘ၀တသက်လုံး
လေသံဟဟ
နားဝမကြားပါရစေနဲ့..........မေ

ချစ်သူ့အပြုံး
ဘ၀တခုလုံးအတွက်
အလှဆုံးဟု
မှတ်ထင်ယူဆ
ချစ်ရပါသည်..................မေ

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????