မော်ဖူးခွင့်

ငါ့ညတွေကို စိုးမိုး
တနေ့တမျိုးမရိုးအောင်
တိုးတိုးပြီးနစ်နေခဲ့ရပြီလေ ........


အတွေးရဲ့သခင်
ရင်ခုန်သံများရဲ့ဘုရင်မ
ငါ့စိတ်ကူးအားလုံးရဲ့စေရာ
အိပ်မက်တိုင်းရဲ့ပိုင်စိုးသူ
ချစ်ရသူ x+= ရေ

ဘ၀တခုကိုမျှော်မှန်း
ငါ့ရဲ့အလွမ်းတိုင်းမှာလဲ
မင်းအချစ်မပါပေမဲ့
ငါ့ညတွေကို စိုးမိုး
တနေ့တမျိုးမရိုးအောင်
တိုးတိုးပြီးနစ်နေခဲ့ရပြီလေ

မင်းအချစ်မပါ
ငါ့အပြစ်သာဖြစ်ရင်လဲဖြစ်ပါစေတော့
ငါ့ရင်ကိုငြိမ်းအေးအောင်
ငါ့ရဲ့ အချစ်သခင်လေးရေ
တနေ့တခါ အခစားဝင်
မော်ဖူးခွင့်လေးတော့ မတားမြစ်လိုက်ပါနဲ့နော်။ ။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????