နောက်ကျသွားခြင်း


နောက်ကျသွားတဲ့ အနမ်းတွေသာ
ငါ့ပိုင်ဆိုင်ရာပါ
နောက်ကျနေတဲ့ ငါ့ခံစားချက်တွေကြောင့်ပေါ့


နောက်ကျနေတဲ့ မင်းအချစ်တွေ
အချိန်မီလေးသာရောက်လာခဲ့ပါ
ငါရင်ခုန်သံတွေ နွေးထွေးနိုင်ပါတယ်

ချစ်သူ
အပိုတွေလို့ပြောရင်လဲပြောပေါ့
ငါ့အချစ်မှာ
ရမ္မက်မပါ ၊ ရင်ခုန်သံ သီးသန့်နဲ့ပါ

မင်းအတိတ်တွေကို ငါမပိုင်သလို
ငါ့အတိတ်တွေကိုလဲ
ငါမပြင်နိုင်တော့ဘူးလေ
ဒီတော့လည်း
တို့ဘ၀ရဲ့
လက်ရှိအချိန်တွေနဲ့
အနာဂတ်တွေကိုပဲ
အကောင်းဆုံးဆေးရောင်
ထပ်နိုင်ဖို့
ငါ့အနားကို မင်းအရောက်သာလာခဲ့ပါတော့ကွယ်

Comments

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????