Brain Scannr တဲ့ Get link Facebook X Pinterest Email Other Apps February 25, 2008 မမီ ဘလောက်ကနေတွေ့လို့ သွားကြည့်တာ ပြီးတော့ စမ်းလာခဲ့တယ်လေ။ဝါသနာပါရင် သွားကြည့်ပါလား။http://brainscannr.com/ Get link Facebook X Pinterest Email Other Apps Comments MELODYMAUNG27.2.08really half by half of happy and sad feeling in your real life?Wish you enjoy your real life, my dear :)ReplyDeleteRepliesReplyAdd commentLoad more... Post a Comment ဤသို့ခံစားရပါသည်
လူမိုက်ဆိုတာဘာလဲ December 10, 2007 တရက် မူလတန်းကျောင်းလေးတွင် ဆရာမက သူ့တပည့်လေးများအပေါင်းအသင်းမမှားစေရန် နှင့် လူ့ကျင့်ဝတ် များကိုသိစေရန် ၃၈ ဖြာမင်္ဂလာတရားတော်ကိုသင်ကြားနေလေသည်။ ထိုသို့သင်ကြားရင်း အသေ၀လာစဗာလာနံ တရားတော်အစတွင်ဆရာမက “ကလေးတို့ရေ လူမိုက်ကို မပေါင်းသင်းရဘူး ကွယ့်နော်” ဟုပြောရာတွင် အလွန်စူးစမ်းတတ်သောကလေးတ ယောက်က “ဆရာမ လူမိုက်ဆိုတာ ဘာလဲ၊ဘယ်လိုပုံစံလဲ” ဟုမေးလေ၏။ ထိုအခါ ဆရာမကလည်း “အင်းလူမိုက်ဆို တာ၊နေဦးကွာ ဆရာမ မနက်ဖြန်ပြောပြမယ်” ဟုပြော၍ အတန်းဖျက်ကာနားနေခန်းသို့ အမြန် ပြေျးေလ၏။ နားနေခန်းအရောက်တွင် ထိုအကြောင်းကိုပြောပြရာမှ ဆရာမများ က ၊ လူမိုက်ဆိုတာ အရက်ကို လူမှန်းမသိ အောင် သောက်တဲ့လူ၊ ဆေးလိပ်အရမ်းသောက်တဲ့လူ စသည်ဖြင့် အငြင်းပွားကြရာမှ နောက်ဆုံး ကျောင်းအုပ် ဆရာမကြီးရုံးခန်းသို့ရောက်သော ဟူ၏။ ထိုသို့အငြင်းပွားရာတွင် သူတဖက်ငါတဖက်ငြင်းကြသောကြောင့် နှစ်ဖက်ဖြစ်သွားသည်မှာ အထူးအထွေ ပြောရန်လိုမည်မဟုတ်ပေ။ နောက်ဆုံး ဆရာမကြီး၏အဆုံးအဖြတ်ကို ခံယူမည် ဆိုကာဆရာမကြီးကိုမေးသောအခါ “ငါလဲမသိဘူး” ဟူသောပြောင်မြောက်သောအဖြေကို ရလေ၏ ထို့ကြောင့် ထိုအခက်အခဲမှ လွန်မြောက်စေရန် သင့်ကို အားကိုးရပေလိမ့်မည်။ ယခုစာဖတ်နေသူ အသင်သည်လွန်စွာမှ ဥာဏ်ပညာကြီး... Read more
သူရဲကောင်းမကြီးသို့(သို့မဟုတ်) အမေသို့ July 30, 2008 အမေ မနက်ဖြန်ဆို အမေမွေးခဲ့တဲ့ အမေ့သားလေ အသက် ၂၅ နှစ်ပြည့်ပြီ အမေရ။ အဲဒီ ၂၅ နှစ်ဆိုတဲ့ အချိန်မရောက်ခင် ဟိုးမွေးကင်းစ ကလေးလေး ဘ၀ မှာအမေပြုစုစောင့်ရှောက်ခဲ့တာတွေ ကို သားကိုယ်တိုင်မမှတ်မိပေမယ့်၊မသိခဲ့ပေမယ့် သားသည်အမေတွေ သူတို့ ကလေးကို စောင့်ရှောက်ပြုစုတာမြင်ရရင် သြော်.. ငါ့အမေလဲ ငါငယ်ငယ်တုန်း က ဒီလိုမျိုး စိုးရိမ်ခဲ့မှာပဲ လို့ သားစဉ်းစားမိပါတယ်အမေ။ အခေုတော့ အမေ့သား အမေ့ ဗိုက်ထဲက ထွက်ခဲ့တာ ၂၅ နှစ်တောင်ရှိပြီအမေရဲ့။ အမေ့သားလေ အမေ နေ့စဉ်ပို့သတဲ့ မေတ္တာတွေကြောင့် ခလုပ်မထိ ဆူးမငြိခဲ့ပါဘူးအမေ။ အမေသင်ကြားပေးခဲ့တဲ့ ပညာတွေ ရဲ့ အသီးအပွင့် တစ်ချို့ကို စတင် စားသုံးနေပါတယ်အမေ။ အမေ.... အမေ့သားလေ ဟို လွန်ခဲ့တဲ့ နှစ်တွေအမေ နေမကောင်း ဖြစ်တုန်း က အမေ့လုံချည် လျှော်ခဲ့ဖူးတာကို ခုတော့ သားဂုဏ်ယူစွာနဲ့ ပြောရဲနေပါပြီအမေ။ အမေ... သားလေ တကယ်အဝေးကိုရောက်နေမှ အမေဟာ သားတစ်ယောက်အတွက် တကယ်လိုအပ်ပါလားလို့ သားသိခဲ့ပါတယ်အမေ။ အမေ... ကျွန်တော့်အမေဟာ လေးတန်းတောင်မအောင်ပါဘူး အမေ...ကျွန်တော့အမေဟာ အင်္ဂလိပ်စာ မတတ်ပါဘူး အမေ...ကျွန်တော့အမေဟာ သားသမီးတွေကို လမ်းမှန်ရောက်အောင်ပို့ပေးနိုင်ခဲ့တယ် အမေ...ကျွန်တော့်အမေဟာ သားသမီးတွေကို ဒီအသက... Read more
သိပ်ချစ်ရသောစာကလေးမလေးသို့...... June 09, 2008 ကျွန်တော့ဘ၀ရဲ့ နူးညံ့သိမ်မွေ့မှု ၊ မျှော်လင့်ချက်၊ပြီးတော့ချစ်ခြင်းမေတ္တာ....... အားလုံးတပြိုင်နက်တည်း ထွန်းကားလာချိန်ရှိ လာလိမ့် မယ်လို့ ကျွန်တော်တစ်ခါမှ မတွေးခဲ့မိဘူး။ အချိန်တိုတို လေးအတွင်းမှာ သံယောဇဉ်ကြီးမားခဲ့ ကြတဲ့ ကျွန်တော်တို့ နှစ်ယောက် ကျွန်တော့်ဘ၀မှာ လုံးဝမျှော်လင့်မထားတဲ့ ဖြစ်ရပ်တစ်ခုပေါ........ ကျွန်တော်တို့နှစ်ယောက်ရဲ့ သံယောဇဉ်ဟာ မိုးတွေရွာနေတဲ့ ဖေဖော်ဝါရီရဲ့ အေးမြတဲ့ ရာသီတစ်ခုအောက်မှာ စတင်ခဲ့တယ် လေ။ တနည်းပြောရရင် မိုးတွေရွာတဲ့ ဆောင်းလေးပေါ့။နောက်သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ နှစ်ယောက်က တစ်ယောက် ဘ၀ထဲကို တစ်ယောက် အပြီးတိုင် ၀င်ရောက်ခဲ့ကြတယ်။ အဲဒီ့ ကျွန်တော့်ချစ်သူလေးကို ကျွန်တော်က စာကလေးမလေးလို့ ကင်ပွန်းတပ်ပေးထားခဲ့တယ်။ တစ်နေ့တာရဲ့ ညနေခင်းအချိန်တွေနဲ့ အပတ်စဉ် စနေနေ့ရဲ့ မနက်ခင်းတွေမှာ ကျွန်တော်ဟာ ကျွန်တော့် စာကလေးမလေးနဲ့ အတူကော်ဖီသောက်ဖို့ တာဝန်ကျနေခဲ့တယ်။ နောက်.. ဖြိုးကြီးနဲ့ ဖြူဖြူကျော်သိန်းတို့ရဲ့ "အချစ်" ဆိုတဲ့ သီချင်းတစ်ပုဒ်ကို အတူတူ ဆိုငြီးဖို့... သူသွားချင်တဲ့ ခရီးတစ်ခုကို မဖြစ်မနေ စီစဉ်ပေးဖို့.... သွားရင်းလာရင်း ပြောရင်းဆိုရင်းနဲ့ သူ့ရဲ့ဓားထက်ထက် စကားလံုးေ... Read more
really half by half of happy and sad feeling in your real life?
ReplyDeleteWish you enjoy your real life, my dear :)