Virus တွေ့ရှိခြင်း

တရက်ငါအိပ်ရာနိုးတော့
ငါ့ခေါင်းထဲက hardisk မှာ
Virus တွေ့တဲ့အကြောင်း alert တက်လာခဲ့တယ်
ဖယ်ဖျက်ဖို့မရနိုင်တော့တဲ့အကြောင်းပါ ပြောကြားလာခဲ့တယ်

ဒီဗိုင်းရပ်စ် ဒုက္ခပေးပုံများ
အိပ်ပျော်နေချန်တောင်မညှာမတာ အိပ်မက်တွေနဲ့
နှလုံးသားကို ပြင်းပြင်းထန်ထန်
အလုပ်လုပ်စေခဲ့တော့
ငါ့နှလုံးသားလေးမောပန်းနေခဲ့ရတာပေါ့
ဒီလိုကြာလာတာနဲ့အမျှ
သူက ဦးနှောက်ကိုပါချုပ်ကိုင်ပြီး
လူတကိုယ်လုံးကို
ထိန်းချုပ်နေခဲ့ပြီပေါ့
စုံစမ်းရသမျှ သူ့ကို ဘယ်သူမှ မနိုင်သေးဆိုပဲ
သူ့ကြောင့်
လူမှုရေးကွန်ယက်တွေ ပျက်စီး
အသိတရားတွေေ၀၀ါး
တခါတခါ အိပ်ရာက မထနိုင်အောင်
လူကိုခံစားစေခဲ့တာပေါ့
ကျွမ်းကျင်သူတွေ အမည်တပ်တာတော့
သူ့နာမည်က
LOVE Virus တဲ့
တတ်ကျွမ်းသူများ
ကုစားပေးပါဦးဗျို့.........။ ။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????