နောက်ကျမှာ ကြောက်လို့ပါကွယ်


ဘ၀ရဲ့စာမျက်နှာသစ်ကို
ပြန်လည်ဖွင့်လှစ်ဖြစ်ခဲ့တာက
ဖေဖော်ဝါရီ ၆ ရက် ၂၀၀၈.....

ငါ
မင်းရဲ့ရှေ့မှောက်မှာ
နှလုံးသားက ဒူးထောက်ကျဆင်းခဲ့တယ်
လွယ်လွယ်နဲ့ဖြစ်တည်တဲ့ ချစ်ခြင်းလို့
မင်း.. ထင်မှတ်ရင်မှားမယ်ကွယ်။
အသစ်မဖြစ်နိုင်တော့လို့ထင်ထားတဲ့
ငါ့ဆေးသုတ်ခံခဲ့ရတဲ့ အချစ်တွေက
ငါ့နှလုံးသည်းပွတ်ကနေ
အနှစ်အဖြစ်နဲ့ ယိုထွက်လာခဲ့တယ်

ဟိုအတိတ်က ငါ့အမှားတွေကို
မင်းစိတ်မှာ
ထားစေတော့လို့ သတ်မှတ်ပြီး
ငါ့ရင်ထဲက ရတက်မီးတွေမကြီးခင်မှာ
ငါနဲ့ ငါ့အချစ်၊ ငါ့နှလုံးသားရဲ့ အနီးဆုံးကို ....မင်း
အရောက်သာလာခဲ့ပါ
နောက်တခါ ငါ..နောက်မကျအောင်ပေါ့.......။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

သူရဲကောင်းမကြီးသို့(သို့မဟုတ်) အမေသို့

သိပ်ချစ်ရသောစာကလေးမလေးသို့......