အိပ်ပျက်ညတွေအကြေင်း

ငါ့အတွက်
မင်္ဂလာရှိစွာနိုးထခွင့်က
ဘာကြောင့်များအဲသလောက်ရှားပါးနေရတာလဲ

မနက်တိုင်းအိပ်မှုန်စုန်ဝါးနဲ့
ဝိုးတ၀ါးအတွေးတွေ
စိုးရွံ့မှုတွေကို
ငါဘယ်လိုဖျက်ဆီးပစ်ရမယ်မှန်း
ငါမသိခဲ့ပါဘူး

နေ့တရက်ကုန်ဆုံးတိုင်း
နောက်တရက်မှာ
မင်းမျက်နှာမြင်ခွင့်ရဖို့ကို
အရေးဆိုနေခဲ့ရတာ ငါပါ

ငါ.....
မာနမဲ့ အရှက်ပျောက်ဆုံး
နောက်ဆုံးကျ
နင်ငါ့ကို ထားသွားမှာလား
အတွေးနဲ့
မှေးစက်မပျော်တဲ့ ညတွေများခဲ့ပြီကွာ//...

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????