ရှင်းလင်းချက်

အန်
အချိန်တဲ့လား
ဘယ်လောက်ကြာဦးမှာလဲ
အလွန်ဆုံးရှိမှ ၄ လပေါ့
အော်
အချစ်လား
များတယ်တော်တော်များများပဲ
အနည်းဆုံးကတော့ ကောင်းကင်တစ်ခုစာလောက်ရှိမယ်

...........
ယုံကြည်မှုလား
ရှိတာပေါ့
ဘ၀တစ်ခုလုံးစာအတွက် ပစ်ခတ်ပြီးယုံကြည်ထားလိုက်တာလေ

..........
မလိုက်ဖက်ဘူး ဟုတ်လား
လိုက်ဖက်ရင် ဘာလုပ်လို့ရမလဲ
မလိုက်ဖက်တော့လဲ ဘာဖြစ်မလဲ??????

...........
အော်
သစ္စာတရားလား
ငါ့လက်စွဲကျမ်းထဲမှာရေးထားတာ
အပြည့်ပဲ မင်းလာကြည့်လိုက်ဦး

တစ်ဖက်သတ်အမြင်
တစ်ဖက်သတ်အတွေးနဲ့
ငါ့ရင်ထဲအထိမမြင်ဘဲနဲ့
ငါတို့ ကိုမဝေဖန်ပါနဲ့
မင်းတို့ ဝေဖန်ချက်တွေ
အဲဒီနေ့က
အကုန်မြောင်းထဲရောက်ကုန်တယ်.........

Dedicated to My Sweety.

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????