ကျွန်တော့အကြောင်းပေါက်ကရ

ဒီနေရာကနေ စဖတ်ပြီဆိုတာနဲ့ ခင်ဗျားဟာ စပ်စုတတ်သူတစ်ယောက်လို့ ကျွန်တော်က သတ်မှတ်ပြီးသား ဖြစ်သွားပြီ။ အဲဒီမှ တော့ မထူး ပါဘူး အဆုံးထိဆက်ဖတ်မယ်လို့ ခင်ဗျားတွေးပြီး ဆက်ဖတ်ချင်လဲဖတ်ပေါ့။ မဖတ်ချင်တော့လို့ ပိတ်ပစ်လိုက်လဲ ခင် ဗျား နဲနဲတော့ စပ်စု လိုက်တာပဲလေ။

အောက်ကဆက်ရေးမယ့် အကြောင်းက ဘာလဲဆိုတော့ ဘာမှန်းမသိတဲ့ ကောင်တစ်ကောင်လို့ သတ်မှတ်ထားတဲ့ ကျွန် တော့်အကြောင်း လေ။ ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်း တို့ ။ ပြင်သစ် သမ္မတ မီးတရောင်း တို့ မဟုတ်ဘူး ။ အဲ ဒါပေမဲ့ သူတို့လိုပဲ နာရီ မပတ်ဘူး ။ အိပ် ကပ်ထဲမှာ ပိုက်ဆံမရှိတာ ချင်းလဲ တူတယ်။ နောက်ဆိုင် တစ် ဆိုင်ဆိုင်မှာ စားပြီးသွားရင် ဘေးလူက ရှင်းပေးရတာလဲတူတယ်။ သိတယ်မ ဟုတ်လား။ ဟိုကတော့ ခေါင်းဆောင်ကြီးတွေမို့ ကျွန်တော် ကတော့ ပိုက်ဆံကို မကပ်လို့ ။ သြော်.. လမ်းတွေတောင်လွဲကုန်ပြီ ။ကျွန်တော် က သူတို့ လို ထင်ရှားသူမဟုတ်တော့ ကျွန်တော့် အကြောင်းကို သူတို့ လို သမိုင်းစာအုပ်တွေ နိုင်ငံတကာက စာစောင်တွေ မဂဇင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မြင်ရမှာ မဟုတ်ဘူး ဒီနေရာမှာ ဖတ်ခွင့် ရတဲ့ အတွက်တော့ ခင်ဗျားတော်တော် ကံကောင်းသွားပြီ။ ဒီလိုပြောလိုက်လို့ ဒီကောင်က ရူးနေတာပဲ လို့ ခင်ဗျားထင်သွားပြီလား။ ထင်ချင်သလိုထင်နိုင်တယ်။ အဲသလိုထင်သွားလို့ ခင်ဗျား ကို စိတ်မဆိုးဘူး လဘက် ရေတစ်ခွက်လောက်တောင် တိုက်လိုက်ချင်သေးတယ်။

ကျွန်တော့်အကြောင်းကိုပြောရမယ်ဆိုရင်တော့ ကျွန်တော့ မျှော်လင့်ချက် ကို ချန်ထားခဲ့လို့မရဘူးဗျာ။ အဲင်္ဒိလောက်တောင် ကျွန်တော့ မျှော်လင့်ချက်တွေနဲ့ကျွန်တော်က တသားတည်းဖြစ်နေပြီ။ ကျွန်တော့်မျှော်လင့်ချက်တွေ ကို စတွေ့ခဲ့တာက ကျွန်တော် ၁၀ တန်းကျောင်း သားဘ၀ ပြီးကာစလောက်က ဖြစ်မယ်။ အဲဒီတုန်းက စိတ်ကူးစိတ်သန်းနဲ့ အခုနဲ့ ကတော့ အတော်ကွာခြားသွားပြီပေါ့။ ဒါပေမယ့် ဒီမျှော် လင့်ချက်ကောင် ကတော့ တော်တော်တောက်ပနေတုန်းပဲ ဗျ။ ထားလိုက်ပါ အရင်ကသေသွားတဲ့ မျှော်လင့်ချက် တစ်ချို့ မပါပဲ ခု လက်ရှိအချိန်ထိတည်မြဲနေတဲ့ မျှော်လင့်ချက်တွေအကြောင်းပြောမယ်။ အဲဒီထဲမှာ ကျွန်တော့် အိမ်သူလေးတစ်ယောက်ရယ်။ မျောက်ရှုံး အောင် ဆော့နိုင်မယ့် လူမသားလေး ၃ ကောင်လောက်ရယ်။ ဒင်းတို့ နဲ့ ပျော်ရွှင် စွာနေနိုင်ဖို့ အိမ်လေးရယ်။ နောက် သင်းတို့ ကို ၀၀ လင်လင် ကျွေးမွေးနိုင်မယ့် ခိုင်ခိုင်မာမာ စီးပွားရေးလေး တစ်ခုရယ် ဒါပါပဲ။အဲဒါကို ခင်ဗျား ကတွေးမယ် ရက်ရာဇာ ဆိုတဲ့ ကောင် ကတော့လေ ဒါလောက်လေးလိုချင်တာများ ဘာခက်တာမှတ်လို့ လို့ ထင် မယ် ဆိုရင်လဲထင်။ ကျွန်တော့်အတွက်နဲနဲခက်တယ်။

ကျွန်တော် တစ်ခါတစ်ခါ လဲ အချစ်ဆိုတာကို တွေးကြည့်ဖူးတယ်။အချစ်ဆိုတာဘာလဲပေါ့။ သူများတွေပြောသလို ပေးဆပ်တာတွေ ရယူတာတွေ မပြောတတ်ဘူးဗျ။ အချစ်ဆိုတာကို အချစ်အဖြစ်နဲ့ ပဲလက်ခံထားလိုက်တာကောင်းတယ်ထင်တယ်။ ဒါပေမယ့် အချစ် အကြောင်းကို သိသည်ဖြစ်စေ မသိဘူးဖြစ်စေ ကျွန်တော် အရမ်းကာရောချစ်မိတယ်ဆိုတဲ့ကောင်မလေးတစ်ယောက်ကိုတော့ ကျွန်
တော့အကြောင်းတွေထဲမှာ ချန်ထားခဲ့လို့ မဖြစ်ပြန်ဘူးဗျ။

သူမက စာကလေးတစ်ကောင်ပဲ ဒါပေမယ့် မနက်မနက် ခေါင်းရင်းကနေ ပကျိပကျိနဲ့ လာနှိုးလေ့မရှိဘူး။ ကျွန်တော့်ကို စိတ်ဆိုးနေချိန် များဆို တိတ်တိတ်လေးနေလေ့ရှိတယ်။ သူမက အုတ်နီမှုန့်ရောင်အရည်ဆိုးထားတဲ့ တိမ်တွေ လျှောက်ပြေးနေချိန်တွေကို ချစ်တယ်တဲ့
နောက် ကျွန်တော့လို ဗိုလ်ချုပ်အောင်ဆန်းတို့ ။ ပြင်သစ်သမ္မတ မီးတရောင်း တို့ နဲ့ တူတဲ့ ကောင်ကို ချစ်တယ်။ သူ့အကြောင်းကို ဒီ့ထက်
စုံစုံလင်လင် သိချင်ရင်တော့ ကျွန်တော့် ဆီကို စားသောက်စရာ အပြည့်နဲ့ လာမှပဲ ကောင်းကောင်းပြောပြမယ်။

ကျွန်တော့ မှာ ဂစ်တာတစ်လုံးမရှိဘူး ။ သီချင်းတစ်ပုဒ်ရှိတယ်။
ကျွန်တော့် မှာ ကင်မရာတစ်လုံးမရှိဘူး ။ ဓာတ်ပုံတွေ အများကြီးရှိတယ်။
ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး ။ သူမပေးထားလို့ ပိုက်ဆံအိတ်တစ်လုံးတော့ ရှိတယ်။
နောက် အဲဒီင်္ စာကလေး ၀ယ်ပေးထားတဲ့ မီးခြစ်တစ်လုံးရှိတယ်။
ကျွန်တော့ကောင်းကင်မှာ ကြယ်တစ်ပွင့်၇ှိတယ်။ အဲဒီကြယ်က တစ်ခါတစ်ခါ စာကလေး ဖြစ်ဖြစ် သွားလို့ စာကလေးတစ်ကောင်ရှိတယ်။

ခင်ဗျားတို့ ကြုံဖူးပါ့မလားတော့မသိဘူး ဒီနေ့ည အိပ်ပြီး မနက် အိပ်ယာနိုးချိန်မှာ သွားပွတ်တံ အသစ်နဲ့ သွားတိုက်ရမှာ ကို ရင်ခုန်နေတာမျိုးလေ။ ဘယ်လောက်ပျော်ဖို့ကောင်းသလဲ။။။

ကဲကဲတော်ပြီပေါ့ဗျာ။ သူများအကြောင်းကို ဒီလောက်စပ်စုရရင်။ ဒီကောင်ဘာကောင်လဲ လို့ ခင်ဗျားဘာသာထင်ထင်ချင်လဲထင် ဒါမှအားမရလို့ ပါးစပ်က ပွစိပွစိ နဲ့ ဆဲချင်လဲ ဆဲပေါ့။ ခင်ဗျားဆဲနေတဲ့ ပုံက ရည်ရမယ်ထင်တယ်။တကယ်တော့ဘ၀ဆိုတာ စာရေးဆရာ လူနေ ရဲ့ စာအုပ်တစ်အုပ်ထဲက ဘုန်းကြီးပြောသလို " သံဃာတော်များ သာ လို့ ရေးထားတဲ့ ထိုင်ခုံမှာ ထိုင်စီးမိတဲ့ ဘတ်စ်ကားစီး ခရီးသည် လိုပါပဲ အတည်တကျ မရှိဘူးလေ"

ကဲကဲ လူသားအားလုံး ကိုယ့်အလုပ်ကို လုပ်ချင်လဲ လုပ် မလုပ်ချင်လဲ မလုပ်ပဲ နေနိုင်ကြပါစေဗျာ။

Comments

  1. ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ သူများရေးထားတဲ့ သူများအကြောင်းဖတ်ပြီး ကော်မန့် လာပေးသွားပါသည်။

    ReplyDelete
  2. Anonymous11.6.08

    ဒီနေ့ည အိပ်ပြီး မနက် အိပ်ယာနိုးချိန်မှာ သွားပွတ်တံ အသစ်နဲ့ သွားတိုက်ရမှာ ကို ရင်ခုန်နေတာမျိုးလေ။ ဘယ်လောက်ပျော်ဖို့ကောင်းသလဲ။။။

    တကယ်လား အစ်ကို ညီလည်း ခံစားဖူးကြည့်ချင်တယ် ပျော်စရာကောင်းမယ်ဆိုတာလည်း သိနေတယ် ဒါပေမယ့်လည်းဗျာ သိတယ်ဟုတ်း) မမစာကလေးနဲ့ ချစ်ကမ္ဘာလေးပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ် အစ်ကိုကြက်တူရွေးရေ့း) ။

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????