"မင်းကိုချစ်တယ်"

ငါအဲဒီပထမဆုံးနေ့က
စာရွက်တစ်ရွက်ပေါ်မှာ
ခဲတံလေးနဲ့ ဖွဖွလေးရေးချရေးခဲ့တယ်
"မင်းကိုချစ်တယ်"

နောက်တဖြည်းဖြည်း
အချိန်တချို့ကိုဖြတ်သန်းလာခဲ့မိတော့
တချိန်ကရေးခဲ့ဖူးတဲ့စာရွက်ကလေးရဲ့
အဲဒီစာကြောင်းလေးပေါ်မှာပဲ
ဘောလ်ပင်တစ်ချောင်းနဲ့ထပ်ရေးဖြစ်ခဲ့တာက
"မင်းကိုချစ်တယ်"

နောက်ထပ်အချိန်တွေကုန်လွန်လာခဲ့တယ်
ငါ့ဘ၀ရဲ့အချိန်တွေတိုင်းက
အတွေးတိုင်းကိုစိုးမိုးလွန်းတဲ့မင်းကို
ဒီနေ့တော့ ဂုဏ်ပြုတဲ့အနေနဲ့ ငါရေးခဲ့တယ်
"မင်းကိုချစ်တယ်"
နှလုံးသားထက်မှာဆေးမင်နဲ့ပေါ့...............

Comments

  1. Anonymous26.6.08

    နှလုံးသာထက်မှာ ဆေးမင်နဲ့  ရေးတယ်ဆိုတော့ နာဘူးလားဗျ ကြောက်ချာကြီးး စတာပါ အချိန်တွေပြောင်းပေမယ့် သူမကို ချစ်တယ်ဆိုတဲ့ စာသားတွေကို ချရေးနိုင်တာ လေးစားပါတယ် ။

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????