ငါ့ဘုရင်မသို့......

ပြင်းထန်တဲ့ အမိန့်တော်တွေ
ချွေချတတ်လွန်းတဲ့ သူ့နှုတ်ခမ်းကို
ခဏတစ်ဖြုတ်နှုတ်ဆက်မိလိုက်တာ
တစ်ချက်လွှတ်အမိန့်တော်က
"အိမ်ပြန်မယ်"တဲ့

အပြန်လမ်းတစ်လျှောက်
ဆတ်တောက်တဲ့ခြေလှမ်းပုံများ
ငါ့အနမ်းတွေ ခယဖူးတဲ့
သူ့ခြေသန်းလေးတွေ တောင်
ပင်ပန်းနေရှာရော့မယ်

ခွဲခွာချိန်ကို
အပြုံးတစ်ချက်နဲ့
အဆုံးသတ်မပေးတဲ့အပြင်
နှုတ်မဆက်ပဲ ရုတ်တရက်ထွက်သွား
သြော်...ပြတ်သားတဲ့ သခင်မ
ထွက်သွားပုံကိုငေး
အတွေးတွေနဲ့ လှမ်းမျှော်နေ
သူမသိလေရော့သလား
အကြည့်တစ်ချက်မဝေ့
သိလျှက်နဲ့မေ့ဟန်ဆောင်သလား
ငါ.. ရပ်လျှက်နဲ့မေ့နေ
သြော်.. မနက်ဖြန်တွေ့နေကြနေရာကစောင့်မယ်လေ...

တစ်အောင့်နေထွက်လာဦးမလား
ငါအတွေးတွေနဲ့ငေးနေတုန်း
မျှော်လင့်သူဆိုက်ရောက်ရာ
အိမ်ရှေ့ဝရန်တာမှာ
ငါ့ခြေလှမ်းတွေအလိုလိုရွေ့
သခင်မအိမ်ရှေ့ဆီသို့
ပီသကြည်မြတဲ့ ရသတစ်ခု
ရင်မှာလက်ငင်းခံစား
ဘယ်တော့မှချန်မထားခဲ့ပါနဲ့
ရင်မှာအစဉ်တမ်းတရသော
ငါ့ ဘုရင်မရယ်။ ။

Comments

  1. Anonymous26.6.08

    ဟားဟား ဧကန်နတော့ အစ်မ ထမင်းချိုက် လာပို့ပြီးတာနဲ့  နှုတ်မဆက်ပဲထွက်သွားလို့  ဖြစ်မယ် ဟီးး ရေးထားလိုက်တာကူပြီး ခံစားပေးချင်ပေမယ့် တစ်ချက်လွှတ်အမိန့် တော့ အိမ်ပြန်ဆိုတာတော်တော် ရယ်ရတယ်ဗျို့  :)

    ReplyDelete
  2. ကဗျာလေးဖတ်လို့ကောင်းတယ်။နဲနဲဟာသဆန်တယ်။
    အနမ်းချွေစရာရှားလို့ခြေသန်းကိုချွေရလား
    :)
    :P
    joking နော်...

    ReplyDelete
  3. ပြင်းထန်တဲ့ အမိန့်တော်တွေ
    ချွေချတတ်လွန်းတဲ့ သူ့နှုတ်ခမ်းကို
    ခဏတစ်ဖြုတ်နှုတ်ဆက်မိလိုက်တာ
    တစ်ချက်လွှတ်အမိန့်တော်က
    "အိမ်ပြန်မယ်"တဲ့

    ဟဟ..အစ်ကို ကိုတော်တော်စိုးပုံရတယ်။ခံနဲ့၊ပြန်စိုးပြန်စိုး
    (ဟိ..စတာ)

    ReplyDelete
  4. ကျေးဇူးတင်ပါတယ်ဗျို့ ခုလို Comment ရေးပေးကြတာကို

    ReplyDelete

Post a Comment

ဤသို့ခံစားရပါသည်

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????