မိသားစုထမင်းစားပွဲ

ကျွန်တော်ဟိုးငယ်ငယ်လေးကထဲက သူငယ်ချင်းတွေအိမ် သွားရင် ထမင်းစားချိန်ကို ရှောင်လေ့ရှိပါတယ်။ ဘာလို့ လဲဆိုတော့ သူများမိသားစုလေးတွေ ကိုမြင်ရင် ကျွန်တော်လဲ ကျွန်တော့ မိသားစုနဲ့ ထမင်းစားချင်စိတ် တွေ အလိုလို ဖြစ်လာတတ်တယ်။(ဗိုက်ဆာလာတာပေါ့) ကျွန်တော့ ဘ၀ ငယ်ငယ်ကတည်းက မိသားစု စုံစုံလင်ထမင်း ၀ိုင်းကို မကြုံခဲ့ရဘူးလေ။ တခါတလေလဲ အမေ့အိမ်ပြန် အမေချက်တဲ့ ထမင်းဟင်းတွေ အားပါးတရ စားချင်လိုက်တာ အခုထက်ထိ တော့ အခွင့်အရေး မရသေးဘူးဗျာ။ နောက်များဆို ပိုဆိုးလာမလားပဲ လူကလဲ တနေ့ထက်တနေ့ အသက်ကကြီးလာတယ် ဒီအရွယ်ကြီးရောက် မှ အမေရေ ဆိုပြီးငိုပြရင်လဲ အမေက အော်မလားမသိဘူး ။

ဒီအရွယ်ကြီးရောက်မှ ပြန်ချွဲရအောင်ကလည်း ကိုယ့်ညီတွေ၊ညီမတွေ မျက်စေ့ ဆူးစရာဖြစ်နေတော့မယ်။ ဘယ်လိုလုပ်ရပါ့မလဲ။ အိမ်ပြန်ပြီး အဖေ၊အမေ၊ညီလေး၊ညီမလေးတွေ နဲ့ ထမင်းလက်ဆုံ သွားစားချင်လိုက်တာဗျာ။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????