လောကဓံရဲ့မာန

ငါ့ဘ၀ခရီးလမ်းမှာ
မုန်တိုင်းကြမ်းလဲ ထန်ခဲ့တယ်
လောကထဲကို ၀င်တိုးထဲက
သောကမိုးလဲ စွေခဲ့တယ်

နှလုံးသားရင်ပြင်မှာ
အချစ်စခန်းဝင်ပေမယ့်
ဆူးလွှမ်းတဲ့ အနမ်းနဲ့အတူ
ငယ်ချစ်ဦးလဲ လွဲဖူးတယ်

မုန်တိုင်းကို အံတု
လေဆန်ကိုထိုးခွဲ
သောကခရီးကို ဖြတ်ကျော်
ရှေ့မျှော်ကြည့် အလင်းရောင်
ငါ့ဘ၀အဆောင်မှာ
အမှောင်ရဲ့အခြားတဖက်ကို
ပြုံးပြုံးနဲ့ပဲ ဆက်သွားမယ်
အင်း.........................
ပြုံးပြုံးနဲ့ပဲ ဆက်သွားမယ်.........................

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????