ထာဝရချစ်သူ

ဝေးတနေရာစီ ခြားနေပါသော်လည်း
ရင်မှာတမ်းတ
လွမ်းနေရတာ
မင်းတရောက်တည်းကိုပါ။ ။

နေရာခြင်းဝေးနေလည်း
စိတ်အာရုံခြင်းအမြဲနီးတာမို့
တို့သတိရတာလဲ မင်း
မင်းသတိရတာလဲ တို့
အချိန်နာရီတွေကို ရေတွက်ရင်း
တချက်ချက်သွားနေတဲ့
စက္ကန့်တိုင်းမှာ
တဖျတ်ဖျတ်ခုန်နေတဲ့
ရင်ခုန်သံနဲ့အတူ
တလက်လက်တောက်ပနေတဲ့
မင်းရဲ “မျက်ဝန်း”“ပုံရိပ်လွှာ” များစွာမြင်ရောင်ရင်း
မင်းကို ထာဝရ ပိုင်ဆိုင်ချင်တာမို့
ရက်လရှည်ကြာစွာ
စောင့်စားနေပါတယ် ချစ်သူရယ်..........။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

လက်ထပ်လက်စွပ်

ဝီရိယ လွန်တော့??????