Posts

ကျွန်တော့ရဲ့အသဲကွဲဇာတ်လမ်း(ဒုတိယပိုင်း)

အဲဒီနေ့ညက ကျွန်တော်တညလုံးအိပ်လို့မရခဲ့ဘူး။ သူတကယ်ပြောသွားတာလား ဒါမှမဟုတ် ကျွန်တော့ ကို သက်သက်မဲ့ အနိုင်ယူပြောနေ ကြအတိုင်းပြောသွားတာလား ဆိုတာကို ခွဲခြားနေမိတယ်။အကျိုးဆက်ကတော့ နောက်တနေ့မနက်မှာ သူ့ကိုသွားမကြိုနိုင်အောင် အိပ်ယာ ထနောက်ကျသွားတာပါပဲဗျာ။ ဒါနဲ့အိပ်ယာကနိုးတော့ အသဲအသန်ရေချိုး၊မနက်စာစားပြီး သင်တန်းကိုပြေးတော့ သင်တန်းကစနေပြီ ဒါနဲ့ ပထမအချိန်ပြီးအောင် ဦးချစ်ဆိုင်မှာ ထိုင်စောင့်နေရတယ်။ခဏနေတော့ အတန်းဆင်းလာတယ် အောင်ကျော် နဲ့ နေလင်း တို့နှစ်ယောက် အရင်ထွက်လာတော့ “ဟေ့ကောင်တွေ၊ ငါအိပ်ယာထနောက်ကျသွားလို့ကွာ” အောင်ကျော်က “ငါထင်သားပဲ၊ဒါနဲ့ ယုတစ်ယောက်ဘယ်လို ဖြစ်တာလဲ ကွ” “ဘာဖြစ်နေလို့လဲ” “ဟိုဘဲ ကြီးနဲ့ စကားတွေ ပြောဆိုနေတာတွေ့လို့ပါကွာ။” “သြော် သူတို့ကတွေ့နေကြပြီလား” “ဟင်၊ မင်းစကားကဘာလဲကွ” “မင်းတို့ ပြသနာ တက်ထားပြန်ပြီမဟုတ်လား” “အေးကွာ” ဆိုပြီးကျွန်တော်လဲ မနေ့က ပြသနာအကြောင်းပြောပြလိုက်တော့ သူငယ်ချင်းအပေါင်းက ၀ိုင်း၍ ထောပနာပြု ကြသည်။ ထိုသို့ပြောနေရင်းမှာပဲ တွေ့ရတဲ့မြင်ကွင်း တခုက ကျွန်တော့အသည်းအိမ်ကို ကိုင်လှုပ်လိုက်သကဲ့သို့ တဆတ်ဆတ် နာကျင်စေခဲ့သည်။ ကျွန်တော့ ရှေ့အရောက်မှာ မှ လက်ချင်းချိတ် ၍ ထွက်လြာ...

ကျွန်တော့ရဲ့အသဲကွဲဇာတ်လမ်း

ဝင်လိုက်တာနဲ့ ပျံကျဲနေတဲ့ စာရွက်တွေ ။ကျပ်ခိုးအပြည့်နဲ့ နံရံတွေ။ ဖုံအလိန်းလိန်း နဲ့ မတီးတာကြာပြီ ဖြစ်တဲ့ ဂစ်တာအို တလက်။ ခေါက်သိမ်း ထားတဲ့ အိပ်ယာလေး။ ဒါတွေကို ပြန်တွေ့ တော့မှ ရင်ထဲကို အလွမ်းတွေ နဲ့ကြေ ကွဲမှုတွေ မပင့်မ ဖိတ်ပဲရောက်လာရ ပြန်တယ် ယုရေ။ “ဟဲ့ နင်ဘာလာလုပ်နေတာလဲ” “အန်၊ ဘာလာလုပ်ရ မှာလဲ ဟ၊ နင့် ကိုလာစောင့်နေတာပေါ့။” “အံမယ် ဒီနေ့မှ ထူးထူးခြားခြား” “မသိဘူးဟာ ငါလဲ ဒီနေ့မှ ပဲ မနက်စောစော နိုးတာနဲ့ နောက် နင့်ကိုလဲ သတိရတာနဲ့ ထွက်လာလိုက်တာ” “အေး ဒါဆိုလဲ ပြီးတာပဲ လာသွားစို့” ရင်ထဲ ကနေ နင့်ကို မနက်တိုင်းလာကြိုချင်နေခဲ့တာ နင်မှ မသိဘဲ ယုရယ်။ယု ရယ် နင်ဟာ ငါ့အတွက် တော့ ရင်ထဲကနေကြိတ်ပြီးမျှော်လင့်နေခဲ့ ရသူပါ။နင့် မျက်နှာလေးကို မြင်တိုင်း ငါ့ ရင်တွေ ဆောက်တည်ရာ မရ ခုန် တက်လွန်းလို့ နင့်ရှေ့မှာ အိနြေ္ဒ ပျက်ခဲ့ ရတဲ့ အကြိမ်ပေါင်း လဲ မနည်းတော့ ပါဘူး။ ဒါကို နင် မမြင်တာလား။ မသိချင်ယောင် ဆောင် နေ တာလား ဟာ။အခုလည်း “ဟန်လေး ဟိုမှာ စပါယ်ယာ က ကားခ(ယာဉ်စီးခ) လိုက်ကောက်နေပြီ နင်ပေးလိုက်” “အေးပါဟ” “နင်ကလေ သွက်သွက်လက်လက်ကို မရှိဘူး၊ ငါနဲ့သွားတိုင်း အဲဒီလို ချည့်ပဲ” “ဟိုကောင်တွေ နဲ့ဆို ရင် တမျိုး၊ နင် ငါနဲ့ မသွားချင်...

ကျွန်တော့ရဲ့ထွက်ပေါက်ကို နေရာချခြင်း

လူတော်တော်များများ(အထူးသဖြင့် သူငယ်ချင်းတွေပေါ့) မင်း Blog ရေးမှပဲ Blogger အပိတ်ခံရပြီ တဲ့။ မဆီမဆိုင်နော်။ ပြောပါစေ သူတို့ကလဲ ကျွန်တော့ရဲ့ မတောက်တခေါက်စာတွေ ကို ဖတ်ပြီး ပစ်ပစ်နှစ်နှစ် ဝေဖန်ပေး တဲ့ကျေးဇူးရှင်တွေပေါ့။ ခုနောက်ပိုင်း ကြတော့ ဟိုကျော် ဒီကျော် နဲ့မို့ အဆင်မပြေဘူး ဆိုပြီး ၀င်မ ကြည့်ကြတော့တာကြောင့် အပြောအဆို ခံရတာနဲနဲ သက်သာသွား ပါတယ်။ ဒါပေမဲ့ လူဆိုတာကလဲ ကိုယ်လုပ် နေကြ ကိုယ်ကြားနေကြ မကြားရ မမြင်ရရင် တခုခု လိုနေသလို မျိုး က အမြဲဖြစ်တတ်တော့ သူတို့ ဘာမှမပြော တော့ နေရထိုင်ရတာ တမျိုးကြီး ဖြစ်နေတာနဲ့ သူတို့လွယ်လွယ် ၀င်ပြီး ကိုယ့်ကိုဝေဖန်နိုင်အောင်လို့ ပီကေ ရဲ့ အကူအညီ ယူပြီး domain ပြောင်းထားလိုက်တယ်။ တခြားဘယ်သူပြောင်းချင်သေးလဲ ပြောင်းချင်ရင် ဒီကို သွားပြီးလေ့လာလိုက်လေ။

တခုတည်းပါ

“မောင် ၊ မအဖေက သူနဲ့ လိုက်တွေ့ ဖို့ခေါ်ထားတာကြာပြီ လို့ပြောနေပြီ ၊ မောင်ဘယ်တော့လိုက်တွေ့မှာလဲ” “ကဲပါ ၊ အခုလိုက်တွေ့မည်” ဒီလိုနဲ့ ကောင်လေးတယောက် ယောက္ခမ ရဲ့ အစစ်ဆေးခံရန် ရောက်သွားခဲ့ရသည်။ ယောက္ခမကလည်း ကုလားထိုင်တွင် မိန့်မိန့်ကြီး ထိုင်ပြီး စစ်ဆေးခန်းစပါတော့သည်။ “ကဲ ၊မောင်ရင် ဦးကတော့ မောင်ရင်ကိုအထူးအထွေ မိတ်ဆက်စရာမလိုဘူးထင်တယ် ဟုတ်လား။ များများစားစားလဲမေးစရာ မရှိပါဘူးကွာ” ”မောင်ရင် အရက်သောက်တတ်လား” “မသောက်တတ်ပါဘူး ခင်ဗျ” ”ဒါဆို ဖဲတော့ ရိုက်တတ်မှာပေါ့ ” “မရိုက်ပါဘူး ဦး” “ဆေးလိပ်ကော” “ကျွန်တော်ဆေးလိပ်မသောက်တတ်ဘူးခင်ဗျ” ”မိန်းမကိစ္စကောရှင်းရဲ့လား” “ဟုတ်ကဲ့၊ ရှင်းပါတယ်ဦး” “အာ ဒါဆိုမောင်ရင် ဘာမဟုတ်တာလုပ်တတ်သလဲ” “ကျွန်တော် လိမ်ပြောတာကလွဲလို့ ဘာမဟုတ်တာမှ မလုပ်ပါဘူး ဦး”

မိသားစုထမင်းစားပွဲ

ကျွန်တော်ဟိုးငယ်ငယ်လေးကထဲက သူငယ်ချင်းတွေအိမ် သွားရင် ထမင်းစားချိန်ကို ရှောင်လေ့ရှိပါတယ်။ ဘာလို့ လဲဆိုတော့ သူများမိသားစုလေးတွေ ကိုမြင်ရင် ကျွန်တော်လဲ ကျွန်တော့ မိသားစုနဲ့ ထမင်းစားချင်စိတ် တွေ အလိုလို ဖြစ်လာတတ်တယ်။(ဗိုက်ဆာလာတာပေါ့) ကျွန်တော့ ဘ၀ ငယ်ငယ်ကတည်းက မိသားစု စုံစုံလင်ထမင်း ၀ိုင်းကို မကြုံခဲ့ရဘူးလေ။ တခါတလေလဲ အမေ့အိမ်ပြန် အမေချက်တဲ့ ထမင်းဟင်းတွေ အားပါးတရ စားချင်လိုက်တာ အခုထက်ထိ တော့ အခွင့်အရေး မရသေးဘူးဗျာ။ နောက်များဆို ပိုဆိုးလာမလားပဲ လူကလဲ တနေ့ထက်တနေ့ အသက်ကကြီးလာတယ် ဒီအရွယ်ကြီးရောက် မှ အမေရေ ဆိုပြီးငိုပြရင်လဲ အမေက အော်မလားမသိဘူး ။ ဒီအရွယ်ကြီးရောက်မှ ပြန်ချွဲရအောင်ကလည်း ကိုယ့်ညီတွေ၊ညီမတွေ မျက်စေ့ ဆူးစရာဖြစ်နေတော့မယ်။ ဘယ်လိုလုပ်ရပါ့မလဲ။ အိမ်ပြန်ပြီး အဖေ၊အမေ၊ညီလေး၊ညီမလေးတွေ နဲ့ ထမင်းလက်ဆုံ သွားစားချင်လိုက်တာဗျာ။

ဂုဏ်ယူဝမ်းမြောက်ပါသည်

သတင်းသမား စောင့်ကြည့်ရတဲ့ Blog ကမ္ဘာကစောင့်ကြည့်ရတဲ့ Blog တချို့လူတွေ စိတ်နာတဲ့ Blog တချို့လူတွေ သိပ်ချစ်တဲ့ Blog လွတ်လပ်စွာရေးခွင့် ရှိတဲ့ Blog ဘာဟန်ဆောင်မှုမှ မရှိတဲ့ Blog စည်းလုံးညီညွတ်တဲ့ Blog နေ့စဉ် Update ဖြစ်နေတဲ့ Blog ရင်ခုန်သံခြင်း နီးစေတဲ့ Blog တနေ့တခြား ကျယ်ဝန်းလာတဲ့ Blog ----------------------Blog ----------------------Blog ----------------------Blog ----------------------Blog ----------------------Blog ----------------------Blog

တမ်းတခြင်းဒုက္ခ

သမုဒယ အလွမ်းတွေနဲ့ ယခုဘ၀ လွမ်းရဦးမှာပါလား အချစ်ရေ........... တမ်းတခြင်း ဒုက္ခတွေနဲ့အတူ နွမ်းလျတဲ့ ကိုယ့်ဘ၀ဟာ မင်းကိုတမ်းတနေရုံကလွဲံလို့ ဘာတတ်နိုင်ဦးမှာလည်း အချစ်ရယ်... မင်းရဲ့အမုန်းတွေကို အဆုံးသတ်ပါတော့လား ကိုယ့်မှာဒုက္ခသိပ်များနေလို့ပါ မင်းကိုတမ်းတမိတဲ့နေ့တိုင်း လွမ်းတသသနဲ့ ရင်မှာအလွမ်းပင်လည်ဝေခဲ့ရတယ်လေ မင်းကိုနေ့တိုင်းတမ်းတမိတဲ့“ငါ” တမ်းတခြင်းဒုက္ခဟာနေ့တိုင်းပါလားလို့ တွေးမိသေးဘူးထင်ပါရဲ့။ ။ ကျွန်တော့သူငယ်ချင်းတယောက်ရဲ့ကဗျာပါ။ အားပေးကြပါဦးနော်..